photo credit - Team Singularity twitter account

Europe region က esports organization တစ်ခုဖြစ်တဲ့ Team Singularity ကတော့ cs:go team ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Team Singularity ကြေညာခဲ့တာကတော့ rifler player ဖြစ်တဲ့ jabbi ဟာ အသင်းကနေ ထွက်ခွာသွားပြီဆိုတာပဲဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာဆိုရင်လည်း Team Singularity က player တစ်ဦးဖြစ်တဲ့ mertz ဟာ အသင်းကနေပထမဆုံး ထွက်ခွာသွားခဲ့ပြီးနောက် ရက်ပိုင်းလောက်အကြာမှာ jabbi ကပါ အသင်းကနေ ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။

Team Singularity အနေနဲ့လည်း တစ်လထဲမှာပဲ အသင်းက players နှစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အတွက် players အသစ်တွေ အမြန်ဆုံးရှာဖွေဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။

မနက်ဖြန်မှာဆိုရင်လည်း Team Singularity အနေနဲ့ Eden Arena : Malta Vibes- Week 4 ပွဲစဉ်တွေကိုယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်တွေကိုတော့ stand-in players နှစ်ယောက်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Eden Arena : Malta Vibes- Week 4 ယှဉ်ပြိုင်မယ့် Team Singularity ရဲ့ roster ကတော့

TOBIZ

Celrate

Remoy

notaN (stand-in)

nicoodoz (stand-in)

တို့ပဲဖြစ်ပါတယ်။

photo credit - Team Singularity twitter account

source - Team Singularity twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။