photo credit - Boom Esports twitter account

Boom Esports cs:go team ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က surprise roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Boom Esports ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ အသက် 13 နှစ်အရွယ်သာရှိသေးတဲ့ Snowzin ကိုအသင်းမှာကစားဖို့အတွက် ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

Snowzin ဟာ ဘရာဇီးနိုင်ငံသား လူငယ်တစ်ယောက်ဖြစ်ပြီး

Snowzin ခေါ်ယူခဲ့တာဟာ backup player အဖြစ်နဲ့ ဆိုပေမယ့် Snowzin ကတော့” Boom Esports ကို join ခွင့်ရတဲ့အရမ်းအရမ်းပျော်ရွှင်မိပါတယ် . ဒါဟာ tournaments တစ်ခုအတွက်ပဲဆိုရင်တောင်မှပေါ့ ။ ဒါဟာ ကျွန်တော့်ရဲ့ အိမ်မက်တွေတကယ်ဖြစ်လာတာပါ ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက်လဲ ယုံကြည်မှုအပြည့်ရှိသလို team အတွက် ကျွန်တော့်ရဲ့ skill တွေ ထုတ်ဖော်ပြသဖို့လည်း အဆင့်သင့်ဖြစ်နေပါပြီ” လို့ပြောခဲ့ပါတယ်။

Snowzin backup player အဖြစ်ပါဝင်ဆော့ကစားမယ့် Gamer Club Masters V online tournamets ကတော့ 7 လပိုင်း 30 ရက်နေ့မှာစတင်မှာဖြစ်ပြီး 13 နှစ်သားလေး Snowzin အနေနဲ့ ဒီ tournament မှာ Boom Esports နဲ့အတူ ဘယ်လို performance တွေပြသနိုင်မလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

Game Club Master V ဝင်ရောက်ယှဉ်ပြိုင်မယ့် Boom Esports ရဲ့ cs:go roster ကတော့

yel

boltz

shz

chelo

felps

Snowzin

Apoka (coach)

တို့ပဲဖြစ်ပါတယ်။ 

source - Boom Esports Twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။