Land Of Dawn မှာ များစွာသောနယ်မြေတွေရှိသလို တခြားနယ်မြေတွေနဲ့မတူတဲ့ နယ်မြေတွေလဲများစွာရှိပါတယ်။ တချို့ဆို ပြင်ပလောကက ရောက်ရှိလာတဲ့ Hero ဖြစ်ပြီး တချို့ဆိုနတ်ဘုရားတွေနေထိုင်ကြတဲ့နေရာကလာကာ စသဖြင့် အမျိုးမျိုးတော့ Hero တွေရှိကြပါတယ်။ နေရာတွေလဲ တစ်နေရာနဲ့တစ်နေရာမတူအောင် ရှိကြကာ ခုဖော်ပြသွားမယ့်နေရာတွေကတော့ Special နေရာတွေလို့သတ်မှတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲ အောက်မှာဆိုရင်တော့ ထူးခြားတဲ့ နယ်မြေတွေရဲ့ အပိုင်း၂ ကိုဖော်ပြလိုက်ပါတယ်။ 

Valhalla

ဒီနေရာကတော့ Valkyrie တွေနေထိုင်တဲ့နေရာဖြစ်ပါတယ်။ Freya ဟာဆိုရင် စစ်ပွဲမှာကျရှုံးသွားတဲ့ စစ်သားတွေရဲ့ ဝိဉာဉ်တွေကို Martyr Hall ဆိလမ်းညွှန်းပြသပေးလေ့ရှိပါတယ်။ Martyr Hall ဟာဆိုရင် Valhalla ရဲ့ဝင်ပေါက်ကို မှော်ပညာတွေနဲ့ ချိတ်ဆက်ထားတာဖြစ်ပါတယ်။ ဝိဉာဉ်တွေဟာဆိုရင် Valhalla ကိုရည်ညွှန်းဖို့အတွက် ရွှေးချယ်ခံရပြီး သူတို့ကိုတော့ Einherjar လို့ခေါ်ပါတယ်။ ဒီနေရာကတော့ Sacred Palace တည်ရှိတဲ့နေရာဖြစ်ပါတယ်။

Southern Seas

Land Of Dawn ရဲ့ တောင်ပိုင်းမှာတည်ရှိတဲ့ ပင်လယ်တစ်ခုဖြစ်ပြီး Ocean Demon တွေ Kadita ကိုကယ်တင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ သူတို့တွေဟာကယ်တင်ပြီးနောက်မှာ Kadita ကို Ocean Goddess အဖြစ် Reincarnated ခဲ့ပါတယ်။ 

Zlatan

Zlatan ကို New Zan လို့လဲ လူသိများကြပါတယ်။ ဒီနေရာကို Parallel Space Dimension မှာတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့နေရာကို ဝင်ဖို့အတွက်ဆို Saber ရဲ့ space rift blade တွေနဲ့ပဲဝင်လို့ရပါတယ်။ Zlatan ဟာဆိုရင်တော့ အရမ်းကို ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့ သိပ္ပံမြို့တစ်မြို့ဖြစ်ပြီး မှုခင်းပြစ်မှုတွေ ပေါများတဲ့မြို့တစ်မြို့ြ့ဖစ်ပါတယ်။ S.A.B.E.R. Squad နဲ့သူတို့ရဲ့ပြိုင်ဘက်ရန်သူတော်ဖြစ်တဲ့ V.E.N.O.M. Squad တို့ရဲ့ အိမ်ဖြစ်ပြီး Dr.Leo နဲ့ ဂိမ်းထဲမှာ မဖော်ပြသေးတဲ့ နောက်ထပ်သိပ္ပံပညာရှင်တစ်ဦးတို့က ဦးဆောင်ပါတယ်။  

Remodeled Hero

Paradise Island

ဒီလှပတဲ့ ကျွန်းလေးဟာဆိုရင် Land Of Dawn ရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိပြီး ကမ္ဘာ့ရဲ့အစွန်းတစ်ဖက်မှာတည်ရှိပါတယ်။ ဒီအသည်းနှလုံးပုံစံနဲ့ ကျွန်းလေးဟာဆိုရင် "Place of dreams" ဒါမှမဟုတ် "Dream Land" ဆိုပြီး အဲ့မှာနေထိုင်တဲ့သူတွေကြားမှာ သိရှိကြပါတယ်။ ပြောကြတာကတော့ ဒီကျွန်းဟာ Angeles တွေပြုလုပ်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒီကျွန်းမှာဆိုရင် ancient relic- Eden မြင်းတွေရှိကြပြီး ထိုအရာတွေဟာ နတ်ဘုရားပွဲတွေပြုလုပ်ဖို့ တည်ရှိကြတာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် FANDOM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။