အမေရိကန် rapper တစ်ဦးဖြစ်တဲ့ Logic ကတော့ rap ဆိုတဲ့ singer ဘဝကနေ အနားယူတော့မှာ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Logic အခုလိုကြေညာခဲ့တာကတော့ သူ့အနေနဲ့ rapper ဘဝကနေ video game streamer ဘဝကို ကူးပြောင်းချင်လို့ပဲဖြစ်ပါတယ်။

အသက် 30 အရွယ်ရှိနေပြီဖြစ်တဲ့ Logic အနေနဲ့ streaming ကိုတော့ twitch မှာပြုလုပ်သွားမှာဖြစ်ပြီး အခါအားလျော်တဲ့အခါမှသာ သီချင်းတွေကိုပြန်လုပ်သွားတော့မှာပဲဖြစ်ပါတယ်။

Logic streamer ဘဝကိုကူးပြောင်းရတဲ့အကြောင်းရင်းကတော့ သူ့အနေနဲ့ ဂိမ်းတွေကနေတစ်ဆင့် လူတွေရဲ့ စိတ်ဖိစီးမှုဒဏ်ကို သက်သာအောင် ကူညီပေးလိုသလို ပျော်ရွှင်မှုတွေကို ဆောင်ယူပေးချင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

Logic အနေနဲ့ သူ့ရဲ့ streaming ကို ဒီကနေ့ July လ 22 ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒီ streaming မှာတော့ Logic ဂိမ်းကစားတာအပြင် viewers တွေအနေနဲ့ သူ့ရဲ့နောက်ဆုံး EP title “No Pressure” နဲ့ပတ်သတ်ပြီး သတင်းတွေပိုကြားရဖို့လည်း မျှောင်လင့်ထားကြပါတယ်။

Logic ရဲ့ twitch channel link လေးကိုပါ တပါတည်းဖော်ပြရင်းနဲ့ 2017 ခုနှစ်လောက်တုန်းကထွက်ထားပြီး Alessia , Khalid တို့နဲ့အတူ ဖန်တီးထားတဲ့ 1-800-273-8255 ဆိုတဲ့သီချင်းလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

https://www.twitch.tv/logic

source - One Esports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။