Polo ကစားနည်းကို မြန်မာနိုင်ငံအနေနဲ့ တော့ သိပ်ထင်ထင်ရှားရှားပြလို့ရတဲ့ အားကစားနည်းတော့မဟုတ်ဘူး ပေါ့ ။ခုနောက်ပိုင်းမှာတော့ ကမ္ဘာကြီးက ရွာလေးဖြစ်လာလို့ထင်ပါရဲ့ ကိုယ်တွေ မသိသေး မမြင်ဖူးသေးတဲ့ ကစား နည်းတွေကလည်း အများကြီးပါ။ဒီထဲမှာမှ မြင်းစီးပြီး ဘောလုံးလေးကို သစ်သား (Mallet) ကိုအသုံးပြုပြီးတော့ တစ်ဘက် တစ်ဘက် အပြိုင်လုကစားရတဲ့ polo ကစားနည်းပါ ။ မြင်းစီးကျွမ်း ကျင်ဖို့တော့ လိုမယ်နော်။ တစ်ဘက်ကို ၄ ယောက်စီကစားရတယ်။ ကြာချိန်ကတော့ အနည်းဆုံး တစ်နာရီ ခန့်ကစားကြရ ပါတယ်။ ဒီကစားနည်းကတော့ ကမ္ဘာမှာထင်ရှားတဲ့ ကစားနည်းတစ်မျိုးပါပဲ။ အရင်ခေတ်တုန်းက ဘုရင်ရဲ့ ကိုယ်ရံတော် မြင်းစီးကျွမ်းကျင်တွေက ကစားလည်းရှိပါတယ် ။ နောက်ထင်ရှားလာပြီးတော့ အိုလံပစ်အားကစား အဖြစ် ဝင်လာခဲ့ပါတယ်။အမျိုးသားရော အမျိုးသမီးတွေပါ ကစားနိုင်ပါတယ်။

ကမ္ဘာ့ပိုလို ချန်ပီယံ ကိုတော့သုံးနှစ်တစ်ကြိမ် ကျင်းပလည့်ရှိပါတယ်။တော်ဝင်ဂျိုဟန်ပိုလိုကလပ် ကို ၁၈၈၄ ခုနှစ်မှာ တည်ထောင် ခဲ့ပြီ စင်ကာပူပိုလိုကလပ်ကို ၁၈၈၆ ၊ မလေးရှားခေတ်သစ်ပိုလိုကလပ်ကို ၁၉၀၂ ခုနှစ်အပြင် နိုင်ငံ အသီး သီး ကလပ်တွေတည်ထောင်ခဲ့ကြပါတယ်။အဓိက ကစားတာကတော့ နိုင်ငံအကြီးအကဲတွေနဲ့ စီးပွားရေးအထက်တန်း လွှာ များက ကစားကြပါတယ်။ ၂၀၀၇ ခုနှစ် မှာတော့ မလေးရှားက ရွှေတံဆိပ် ရရှိခဲ့ပါတယ်။ 

ရှေးအကျဆုံးအားကစားတစ်ခုဖြစ်တဲ့ ပိုလိုကစားနည်းကို အီရန်လူမျိုးစု ကစခဲ့တယ်လိုတော့ ဖော်ပြထားကြ ပါတယ် ။ခုခေတ်မှာတော့ နိုင်ငံတကာတက္ကသိုလ် တွေမှာ မပါမဖြစ် အားကစားအဖြစ် ပါဝင်လာခဲ့ပါတယ်။ ခုဆိုရင် polo တံဆပ်နဲ့ လူသုံးကုန်ပစ္စည်းတွေ ကမ္ဘာမှာခေတ်စားနေပါတော့တယ် ။နိုင်ငံတစ်နိုင်ငံ ပေါ်ထွက်လာတာနဲ့ အမျှ လူမျိုး စာပေ အားကစား ဟာ ပါလာစမြဲပါ ဒါကြောင့် ဘယ်လူမျိုးပဲဖြစ်ဖြစ် ချစ်စရာ ကောင်းတဲ့ ကစားနည်းတွေကို ပိုင်ဆိုင်ထားကြတာဟာလည်း သမိုင်းတစ်ခုအနေနဲ့ ထင်ကျန်ရစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာနဲ့အညီ လူမျိုးတိုင်းရဲ့ကစားနည်းတွေဟာလည်းချစ်စရာကောင်းတဲ့ သမိုင်းတစ်ခု မဟုတ်ပါလား။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။