photo credit - Team Singularity twitter account

Europe region က cs:go team တစ်ခုဖြစ်တဲ့ Team Singularity ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Team Singularity ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ nicoodoz ကိုအသင်းမှာကစားပေးဖို့ ခေါ်ယူခဲ့ပြီဆိုတာပဲဖြစ်ပါတယ်။

Nicoodoz ကတော့ အသက် 19 နှစ်သာရှိသေးတဲ့ Denmark နိုင်ငံသား cs:go player တစ်ဦးပဲဖြစ်ပါတယ်။

Team Singulairty အနေနဲ့လည်း mertz နဲ့ jabbi ကိုဆုံးရှုံးလိုက်ရတဲ့ အတွက် သူတို့ရဲ့နေရာတွေမှာအစားထိုးဖို့အတွက် players နှစ်ယောက်လိုအပ်နေတာဖြစ်ပြီး အခု nicoodoz ကိုခေါ်ယူခဲ့ပြီဆိုတော့ အသင်းရဲ့ roster ပြည့်စုံဖို့အတွက်နောက်ထပ် player တစ်ယောက် ထပ်မံခေါ်ယူဖို့တော့ လိုအပ်နေပါသေးတယ်။

Team Singularity ရဲ့ လက်ရှိ cs:go roster ကတော့

TOBIZ (captain)

Celrate

Remoy

nicoodoz

Casle (coach)

တို့ပဲဖြစ်ပါတယ်။

source - Team Singularity twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။