Photo credit - FaZe Clam twitter account

North America region က esports organization တစ်ခုဖြစ်တဲ့ FaZe Clan ကတော့ သူတို့ရဲ့ valorant team မှာကစားမယ့် တတိယမြောက် player ကိုကြေညာခဲ့ပါတယ်။

FaZe Clan ကြေညာခဲ့တဲ့ တတိယမြောက် player ကတော့ ZachaREEE ပဲဖြစ်ပါတယ်။

ZachaREEE ကတော့အရင်က Overwatch League Pro player တစ်ဦးဖြစ်ပဲ ဖြစ်ပါတယ်။

ZachaREE အနေနဲ့လည်း ပြီးခဲ့တဲ့ 6 လပိုင်း 3 ရက်နေ့ကမှ သူနောက်ဆုံးကစားခဲ့တဲ့ Overwatch League team Dallas Fuel ကထွက်ခွာပြီး Valorant ဘက်ကိုပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိဆိုရင်လည်း ZachaREEE အနေနဲ့ Valorant ဘက်ကိုကူးပြောင်းလာတာ တစ်လကျော်ကျော်သေးသာရှိသေးပေမယ့် သူ့ရဲ့ပထမဆုံး Valorant team ဖြစ်တဲ့ FaZe Clan မှာကစားသွားတော့မှာပဲ ဖြစ်ပါတယ်။

FaZe Clan Valorant team မှာကစားဖို့ခေါ်ယူထားတဲ့ players သုံးယောက်ကတော့

jasonR

corey

ZachaREEE

တို့ဖြစ်ပြီး roster ပြည့်စုံဖို့အတွက်ကတော့ နောက်ထပ် player နှစ်ယောက်ခေါ်ယူဖို့လိုအပ်နေပါသေးတယ်။

Source - FaZe Clam twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။