မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ ONE Championshipရဲ့ ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်ကတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုမြင့်တင်ပေးနေတဲ့ အားကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ မြန်မာနိုင်ငံကလွဲလို့ တခြားဘယ်နေရာမှာမှမရှိဘဲ “သက်ရှိရတနာ” တစ်ပါးဖြစ်တဲလ ဧရာဝတီလင်းပိုင်ကိုမသတ်ဖြတ်ဖို့ တောင်းဆိုလိုက်ရပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ "  “ဧရာဝတီလင်းပိုင်များမရှိတော့တဲ့ အနာဂတ်အတွက်ရော သင်ပြင်ဆင်ထားရဲ့လား"ရေလုပ်သားတွေနဲ့ ပူးပေါင်း ငါးဖမ်းပေးတဲ့ ချစ်စရာဧရာဝတီလင်းပိုင်ဆိုတာ မြန်မာနိုင်ငံကလွဲလို့ တခြားဘယ်နေရာမှာမှ မရှိတဲ့ “သက်ရှိရတနာ” တစ်ပါးဖြစ်ပါတယ်။ ပျူ၊ ပုဂံခေတ်ထဲကရှိကြောင်း သမိုင်းအထောက်အထားများအရသိရပြီး ရှေးအခါထဲက ရေလုပ်သားများကို အကျိုးပြုနေတာဖြစ်ပါတယ်။ ဧရာဝတီလင်းပိုင်မျိုးသုဉ်းသွားရင် ကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံး မမျှော်လင့်ထားတဲ့ဆိုးကျိုးတွေခံစားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ _၁။ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို နိုင်ငံတော်အစိုးရနဲ့ အစိုးရမဟုတ်တဲ့ ထိန်းသိမ်းရေး အဖွဲ့အစည်းများက ဧရာဝတီလင်းပိုင်ကို အကြောင်းပြုပြီး လင်းပိုင်ရှင်သန်ဖို့လိုအပ်တဲ့ ငါး၊ပုစွန်ကအစ ရေမြေတောတောင်အားလုံးကို “ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ” သတ်မှတ်ပြီး ကာကွယ်ပေးထားပါတယ်။ လင်းပိုင်မျိုးသုဉ်းသွားလျှင် ၎င်းရဲ့ တရားဝင်မှုပျက်ပြယ်သွားမှာဖြစ်တဲ့အတွက် မြစ်ရေညစ်ညမ်းမှု၊ မြစ်ကြောင်းတစ်လျှောက် ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးမှုတွေပိုများလာနိုင်တယ်။ နောက်ဆက်တွဲအနေနဲ့ နှစ်စဉ် ရေဘေး၊ အပူလှိုင်းဒဏ်လို သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းရဲ့ ဘေးဒဏ်တွေပိုအဖြစ်များလာနိုင်တယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ၂။ ဧရာဝတီမြစ်ရေ ညစ်ညမ်းမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ငါးဖမ်းနည်းများကြောင့် ရေသယံဇာတတွေ ပျက်စီးကုန်ရင် ငါး၊ ပုစွန် တွေရှားပါးလာပြီး သီနှံအထွက်နှုန်းတွေလည်းလျော့ကျလာမယ်။ အခုလို Covid ကြောင့်စီးပွားရေး ကျဆင်းနေချိန်မှာ အထွေထွေကုန်ဈေးနှုန်းတွေထပ်တက်လာရင် ကျွန်တော်တို့တွေ အရမ်းဆင်းရဲကြပ်တည်းလာလိမ့်မယ်။၃။ စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာနဲ့အမျှ ပုပ်သိုးလွယ်တဲ့ ရေထွက်ပစ္စည်းလိုစားသောက်ကုန်တွေမှာ ကြာရှည်ခံဆေးတွေသုံးလာနိုင်တယ်။ သတိမထားမိဘဲ စားမိသူတွေ ရောဂါတွေရပြီး အလုပ်မဆင်းနိုင်၊ ဆေးကုသစရိတ်တွေပါထပ်ကုန်ရင် လူအများစုအတွက်တော့ အလဲထိုးနှက်ချက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ လင်းပိုင်အကောင် ၇၀ လောက်သာကျန်တော့တဲ့အနက် ဒီ ၂၀၂၀ ခုနှစ် ၆လ အတွင်းမှာဘဲ ၅ ကောင်တောင် လျှပ်စစ်ဖြင့် ရှော့တိုက်ငါးဖမ်းတဲ့သူတွေ လက်ချက်ကြောင့်သေဆုံးသွားတာ အားလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ဒီတော့ အားလုံးကို ကျွန်တော်တစ်ခုမေးချင်ပါတယ်“ဧရာဝတီလင်းပိုင်များမရှိတော့တဲ့ အနာဂတ်အတွက်ရော သင်ပြင်ဆင်ထားရဲ့လား”အဲဒါကြောင့် ကျွန်တော်တို့ လက်ရှိရရှိနေတဲ့ လူနေမှုအဆင့်အတန်းကိုထိန်းထားနိုင်ဖို့နဲ့ ကျွန်တော်တို့ သား၊သမီးများကို ပိုမို ကောင်းမွန်တဲ့အနာဂတ်တစ်ခုကို အာမခံချက်ပေးနိုင်ဖို့ ဧရာဝတီမြစ်နဲ့ ဆက်စပ်ဂေဟစနစ်များကို ကျွန်တော်နဲ့အတူ ပူးပေါင်းကာကွယ်သွားရအောင် "ဆိုပြီးရေးသားထားခဲ့ပါတယ်။

Source :  Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။