Photo credit - OG twitter account

Two times Ti champion OG dota 2 teams ကတော့ fan တွေမထင်မှတ်ထားတဲ့ roster changes တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

OG ပြုလုပ်ခဲ့တဲ့ roster changes ကတော့ Sumail ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီး Ceb ကိုပြန်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

Ceb ကတော့ OG အသင်းနဲ့အတူ Ti နှစ်ကြိမ်ရပြီးတဲ့အချိန်ထဲက player ဘဝကနေအနားယူသွားပြီး coach အဖြစ်ပြောင်းလဲလုပ်ကိုင်​နေရာကနေ ယခုအချိန်မှာ player ဘဝကိုပြန်လည်ကူးပြောင်းလာခဲ့လာတာပဲ ဖြစ်ပါတယ်။

Ceb ကတော့ OG မှာသူအရင်က ကစားခဲ့တဲ့ offlane role ကိုပဲပြန်ကစားသွားမှာဖြစ်ပြီး offlaner MidOne ကတော့ Sumail ရဲ့နေရာ carry role ကိုပြောင်းလဲကစားသွားမှာပဲ ဖြစ်ပါတယ်။

OG ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- MidOne

Po 2- Topson

Po 3- Ceb

Po 4- Saksa

Po 5- Notail

တို့ပဲဖြစ်ပါတယ်။

OG အနေနဲ့လည်း ဒီ roster နဲ့အတူ OGA Dota PIT S2: Europe CIS tournament ကိုပထမဆုံးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပြီး ဘယ်လို play style တွေနဲ့ဆော့ကစားပြမလဲဆိုတာက စိတ်ဝင်စားစရာပဲ။

လက်ရှိမှာ free agent ဖြစ်သွားတဲ့ Sumail ကိုလည်း အသင်းကြီးတသင်းရဲ့ Midlaner ဒါမှမဟုတ် carry player အဖြစ် ပြန်လည်မြင်တွေ့ချင်ပါသေးတယ်။

Source - OG twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။