လူတယောက်ဟာ တနေ့တာလုံးမှာ ရွှင်လန်းတက်ကြွစွာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အိပ်ရေး၀၀အိပ်စက်အနားယူဖို့လို့ပါတယ်။

ဒါ့ကြောင့် အိပ်ရေး၀၀အိပ်စက် အနားယူနိုင်ဖို့အတွက် ရှောင်ရှားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo credit -pngtree

1.အိပ်ခါနီး Physical exercise လုပ်တာကို ရှောင်ကျဉ်ပါ

အကယ်၍သင်ဟာ အိပ်ခါနီး တစ်နာရီလောက်အလိုမှ physical exercise တွေလုပ်မယ်ဆိုရင် ဒါဟာ သင်းကို ကောင်းမွန်းစွာ အိပ်ပျော်စေမှာမဟုတ်ပါဘူး ။သင့်အနေနဲ့ ကိုယ်အိပ်မယ့်အချိန်နဲ့ အနည်းဆုံးသုံးနာရီအကွာလောက်မှသာ physical exercise တွေကိုပြုလုပ်သင့်ပါတယ်။

Photo credit -pngtree

2.အိပ်ခါနီးအရက်သေစာသောက်စားခြင်းကိုရှောင်ကျဉ်ပါ

အကယ်၍ အရက်သေစာတွေသာသောက်စားလိုက်မယ်ဆိုရင် မူးပြီး သင့်ကိုတခဏအတွင်း အိပ်ပျော်သွားပါစေလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေနဲ့အိပ်စက်ခြင်းပါ ။ သင်နိုးလာတဲ့အခါမှာ အရမ်းပင်ပန်းတာတွေနဲ့ တခြားသော အကျိုးဆက်များစွာကို ခံစားရနိုင်ပါတယ်။

Photo credit -pngtree

3.အရမ်းတွေးတောတာတွေကို ရှောင်ကျဉ်ပါ

လူတော်တော်များများဟာ အိပ်ခါနီးမှာ ကိုယ့်ရဲ့အတွေးတွေကို နယ်ချဲ့ပြီး စဉ်းစားခန်းဝင်တတ်ကြပါတယ်။တကယ်တော့ဒါဟာ သင့်ကိုနှစ်ခြိုက်စွာ အိပ်ပျော်စေမှာမဟုတ်ပါဘူး ။

သင့်အနေနဲ့ အိပ်ခါနီးမှာ အတွေးတွေအားလုံးကို ဖယ်ထုတ်ပြီး ကောင်းမွန်စွာအိပ်စက်အနားယူသင့်ပါတယ်။

Photo credit -pngtree

4. မိမိရဲ့အိပ်ယာကို မှားယွင်းစွာအသုံးမချပါနဲ့

အချို့သောသူတွေဟာ မိမိတို့ရဲ့အိပ်ယာကို အိပ်ဖို့တစ်ခုထဲအတွက်မဟုတ်ဘဲ အလုပ်လုပ်ကိုင်တဲ့နေရာတခုအဖြစ် အသုံးပြုကြပါတယ်။အဲ့ဒီလိုလုပ်တာဟာ သင့်ရဲ့အိပ်ပျော်နိုင်စွမ်းကို တဖြေးဖြေးလျော့ကျလာစေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အိပ်ယာပေါ်မှာ အလုပ်လုပ်တာကို ရှောင်ကျဉ်သင့်ပါတယ်။

Photo credit -pngtree

5.အိပ်ခါနီးကော်ဖီသောက်သာတွေ ၊ ချောကလက်စားတာမျိုးတွေမလုပ်ပါနဲ့

သင့်အနေနဲ့ အိပ်ခါနီးမှာ ကော်ဖီသောက်တာတွေ ချောကလက်စားတာတွေလုပ်မိမယ်ဆိုရင် သူတို့ထဲမှာပါတဲ့ caffeine ဓာတ်ဟာ သင့်ကိုအလွယ်တကူ အိပ်ပျော်စေမှာမဟုတ်ပါဘူး ။

ဒါ့ကြောင့် သင့်အနေနဲ့ caffeine ဓာတ်ပါတဲ့ အစားအစာတွေကို စားသောက်မယ်ဆိုရင် ညနေပိုင်းလောက်မှာပဲ စားသောက်သင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။