Lee Min Ho နှင့် Song Joong Ki အစားထိုးပါလာနိုင်ဖွယ်ရှိသည့် "Train To Busan 2"

Zombie နှင့် သားအဖ နှစ်ဦးကြားက မေတ္တာကို ဖော်ကြူ းရိုက်ကူးထားသော "Train To Busan" ဇာတ်ကားဟာဆိုရင်ဖြင့် ပရိသတ်တွေရဲ့ ရင်ထဲကို ထိချက်ပြင်းပြင်းနဲ့ ဝင်ရောက်ခဲ့ပြီး ပြင်းပြင်းရှရှ ရသတွေကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲ?? အကြောင်းကတော့ ဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တိုင်းဟာ ကျရာဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင် ခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကိုရီးယားစတားတစ်ဦးဖြစ်တဲ့ Gong Yoo ဟာ အဓိကဇာတ်ဆောင် မင်းသားအဖြစ်ပါဝင် ရိုက်ကူးခဲ့ပါတယ်။

ဒါပေမဲ့ ထပ်မံထွက်ရှိလာမယ့် Train To Busan 2 မှတော့ Gong Yoo ရဲ့နေရာမှာ မင်းသားသစ်အစားထိုး ရိုက်ကူးသွားမယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာပါတယ်။

အစားထိုးရိုက်ကူးမယ်ဆိုတဲ့ မင်းသားတွေက ဘယ်သူတွေဖြစ်မလဲ??

Train To Busan 2 ရဲ့ အဓိကဇာတ်ဆောင် မင်းသားအဖြစ်အစားထိုးမယ့်သူတွေကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ Lee Min Ho နဲ့ Song Jong Ki တို့ပဲဖြစ်ပါတယ်။ ပထမဆုံး Lee Min Ho နဲ့ ရိုက်ကူးဖြစ်မယ်ဆိုတဲ့ ကောလဟာလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ တဆက်တည်းမှာပဲ "Descendants of The Sun" ဇာတ်လမ်းတွဲရဲ့ မင်းသား Song Joong Ki နဲ့လည်း အစားထိုးရိုက်ကူူးသွားနိုင်ဖွယ်ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ Train To Busan နဲ့ Descendants of The Sun ရဲ့ producer က အတူတူဖြစ်နေတဲ့အတွက် Song Joong Ki ပါဝင်ဖို့ အခွင့်အရေးပိုများတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိတော့ အတည်ပြုဆုံးဖြတ်ခြင်း မရှိသေးပါဘူး။

အကယ်၍ Train To Busan 2 သာထွက်လာမယ်ဆိုရင် ပထမ Train To Busan လိုပဲ ကောင်းမယ်ဆိုတာ သေချာပါတယ်။ မကြာခင်မှာ ထွက်ရှိလာမယ့် Train To Busan 2 ကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းကြရအောင်လား ပရိသတ်ကြီးရေ…………

Source: Google

Translated by Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။