ကမ္ဘာပေါ်မှာ နန်းသက်အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ ထိုင်းဘုရင် ဘူမိဘောအဒူယာဒက် ကွယ်လွန်သွားခဲ့တဲ့အချိန်မှာ ထိုင်းနိုင်ငံပြည်သူပြည်သားအများစုဟာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးခဲ့ကြပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဆုံးရှုံးခဲ့ရတဲ့အတွက် တိုင်းသူပြည်သားတွေ ဝမ်းပန်းတနည်း ငိုကြွေးကြတာဟာ မထူးဆန်းပါဘူး။ ဒီမှာတော့ ဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်ရဲ့ စျာပနနေ့အခမ်းအနားမြင်ကွင်းနဲ့ ပြည်သူပြည်သားတွေ ငိုကြွေးနေကြပုံတွေကို စုစည်းတင်ပြလိုက်ပါတယ်။ 

အောက်တိုဘာလ ၁၃ရက်နေ့က ဘုရင်မင်းမြတ် ကံတော်ကုန်သွားပြီဆိုတာ သိလိုက်ရတဲ့အခါ ပြည်သူပြည်သားတွေကနေ Sirraj ဆေးရုံရှေ့မှာ စုဝေးပြီး သူတို့ရဲ့ ဝမ်းနည်းမှုကို ငိုကြွေးထုတ်ဖော်ပြသခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ရက်နေ့၊ စျာပနနေ့မှာ ဘုရင်မင်းမြတ်ရဲ့အလောင်းကို ကားနဲ့တင်ပြီး ခေါ်သွားတဲ့အချိန်မှာ နန်းတော်ရှေ့မှာ အမျိုးသမီးတစ်ဦးကနေ ဘုရင်မင်းမြတ်ရဲ့ပုံကိုကိုင်ပြီး ဆုတောင်း ငိုကြွေးနေခဲ့တာပါ။

နန်းတော်ရှေ့မှာ ထိုင်းနိုင်ငံသူနိုင်ငံသားတွေအားလုံး စုဝေးပြီး ဘုရင်မင်းမြတ်ရဲ့ စျာပနကို ငိုကြွေးပို့ဆောင်ပေးခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၃ရက်နေ့ ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် ကွယ်လွန်ပြီးချိန်မှာ ၀ါရှင်တန်ဒီစီမှာရှိတဲ့ ထိုင်းသံရုံးက တာဝန်ရှိသူတွေ ဘုရင်မင်းမြတ်ဓာတ်ပုံရှေ့ အရိုအသေပေးနေကြတာဖြစ်ပါတယ်။

Source : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။