Photo credit - Reality Rift twitter

Sea region က dota 2 team တစ်ခုဖြစ်တဲ့ Reality Rift ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့ carry player "Drew" ကိုဆုံးရှုံးပြီးတဲ့နောက်မှာ သူ့နေရာမှာအစားထိုးဖို့အတွက် player တစ်ယောက်ကို လိုအပ်နေတာပဲ ဖြစ်ပါတယ်။

Reality Rift အနေနဲ့လည်း အသင်းနဲ့ အဆင်ပြေမယ့် carry player ကောင်းတစ်ယောက်ကို ရှာဖွေနေပေမယ့် မရရှိနိုင်သေးတာကြောင့် နောက် နှစ်ရက်လောက်နေရင် ဝင်ရောက်ယှဥ်ပြိုင်ရမယ့် OMEGA League : Asia Divine Divion ကို stand-in player နဲ့ဝင်ရောက်ယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့ကြောင့် Reality Rift အနေနဲ့ Ahjit ကို stand-in player အဖြစ်ခေါ်ယူပြီး OMEGA League: Asia Divine Divion ကိုဝင်ရောက်ယှဥ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။

OMEGA League ဝင်ရောက်ယှဥ်ပြိုင်မယ့် Reality Rift ရဲ့ roster ကတော့

Po 1- Ahjit (stand-in)

Po 2- AlaCrity

Po 3- kYxY

Po 4- Hustla

Po 5- NutZ (captain)

တို့ပဲဖြစ်ပါတယ်။

Source - Reality Rift twitter account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။