Photo credit - EXTREMUM twitter account

မနေ့က ဇူလိုင်လ 30 ရက်နေ့က Russia နိုင်ငံက cs:go team တစ်ခုဖြစ်တဲ့ EXTREMUM ဟာ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

EXTREMUM ကြေညာခဲ့တာကတော့ သူတို့အနေနဲ့ koshak ကိုအသင်းမှာကစားဖို့အတွက် ခေါ်ယူခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

koshak ရောက်လာပေမယ့်လည်း အသင်း ရဲ့ roster ပြည့်စုံအတွက် player တစ်ယောက်ခေါ်ယူဖို့ လိုအပ်နေသေးတာကြောင့် EXTREMUM အနေနဲ့လည်း နောက်ထပ် player တစ်ယောက်ကို လက်ရှိမှာ ရှာဖွေနေဆဲပဲ ဖြစ်ပါတယ်။

လက်ရှိ EXTREMUM ရဲ့ cs:go roster ကတော့

Nikita "⁠waterfaLLZ⁠" Matveyev

Vadim "⁠Polt⁠" Tsyrov

Daniil "⁠Re1GN⁠" Burov

Anton "⁠Koshak⁠" Platko

တို့ပဲ ဖြစ်ပါတယ်။

Source - EXTREMUM twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။