Photo credit - Cyber Legacy twitter account

ပြီးခဲ့တဲ့ 2020 ခုနှစ် 6 လပိုင်း 23 ရက်နေ့က အသင်းမှာကျန်ရှိနေတဲ့ players တွေအားလုံးနဲ့ လမ်းခွဲခဲ့တဲ့ Cyber Legacy ကတော့ သူတို့ရဲ့ roster အသစ်ကိုကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။

Cyber Legacy ကြေညာခဲ့တဲ့ roster ထဲမှာတော့ Virtus.pro ကနေ အပြီးသတ်ထွက်ခွာလာတဲ့ Cooman က carry player နေရာကိုကစားမှာပဲ ဖြစ်ပါတယ်။

Mid, offlane နဲ့ po 5 နေရာတွေမှာတော့ Natus Vincere ကနေ ထွက်လာကြတဲ့ MagicaL ,Blizzy နဲ့ CemaTheSlayeR တို့က ကစားသွားမှာပဲ ဖြစ်ပါတယ်။

သို့ပေမယ့် Blizzy ကတော့ Cyber Legacy မှာ stand-in player အဖြစ်နဲ့သာ လာရောက်ကစားတာပဲ ဖြစ်ပါတယ်။

Cyber Legacy ရဲ့ လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- Cooman

Po 2- MagicaL

Po 3- Blizzy (stand-in)

Po 4- Bignum (captain)

Po 5- CemaTheSlayeR

Coach- ArsZeeqq

တို့ပဲ ဖြစ်ပါတယ်။

Source -Cyber Legacy twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။