အမြန်ရေယာဉ်နစ်မြုပ်မှုကြောင့်လူဦးရေ (၈၀)ကျော် ပျောက်ဆုံးနေ

ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီးအောက်တိုဘာလ၁၅ရက်နံနက်အစောပိုင်းတွင်တိမ်းမှောက် နစ်မြုပ်ခဲ့သော အမြန်ရေယာဉ်ဖြင့်လိုက်ပါခဲ့သည့် ခရီးသည် ၈ဝကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အောက်တိုဘာလ၁၅ရက်နေ့ညနက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာမှ ရရှိသောစာရင်းများအရ အမြန်ယာဉ်ဟာ လူပေါင်း၂၅ဝကျော်အထိတင်ဆောင်ခဲ့တာဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူ၁၅၉ဦးရှိပြီး ရုပ်အလောင်း၄လောင်းပြန်တွေ့ရှိထားပါတယ်။

ပျောက်ဆုံးမှုစာရင်းများမှမသိရှိသေးသောမိသားစု ဝင်များရှိပါက ထပ်မံတိုးလာနိုင်သေးတယ်လို့ မီးသတ်ဌာနကဆိုပါတယ်။

ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ်မှကော်မတီဖွဲ့ပေးပြီးဖြစ်ပါတယ်။ တိမ်းမှောက်ရေယာဉ်နှင့်ပတ်သက်၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၎င်း လူနာများအား ပြောကြားသွားခဲ့သည်။

‘’ ဖြစ်စဉ်ကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ထွက်ဆိုပေးကြပါ …။ ထိထိရောက်ရောက် အရေးယူသွားမယ် ..” ဟု ဝန်ကြီးမှ လူနာများထံပြောသည်။

‘’ ဟုမ္မလင်းဂိတ်က စထွက်တော့ လူပြည့်နေပြီ .. လမ်းမှာလည်း လူတွေထပ်ပြီးတင်တယ် .. ခရီးသည်တွေက လူတွေထပ်မတင်တော့ဖို့ ၀ိုင်းပြီးတားခဲ့တယ် .. ခရီးသည်အားလုံး လေးရာ မပြည့်ရင်တောင် သုံးရာ အကျော်မှာဘဲရှိတယ် ..” ဟု မုံရွာမြို့တွင် ကျောင်းတက်ရန် စီးနင်းလိုက်ပါသည့် ကျောင်းသူ မကြည်ကြည်ရွှေ ကဆိုသည်။

အဆိုပါ ရေယာဉ်တိမ်းမှောက် နစ်မြုတ်မှုကြောင့် ခရီးသည် ၁၅၈ ဦးခန့်အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့၏ ပြောပြချက်အရ သေဆုံးသူဦးရေမှာ ယင်းကိန်းဂဏန်းအထက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ၎င်း ရေယာဉ်တိမ်းမှောက် နစ်မြုတ်သွားပြီးနောက် နာရီပိုင်းအတွင် သေဆုံးခရီးသည် အလောင်း လေးလောင်းအား သက်ကယ်အဖွဲ့မှ ဆယ်ယူနိုင်ခဲ့ရာ ယင်း အလောင်းများအနက် ကလေးသူငယ် အလောင်း နှစ်လောင်းပါဝင်ကြောင်း သိရသည်။

Credit - News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။