မင်းသားချောလေး ပိုင်တံခွန်ကတော့ ပြည်တွင်းမှာသာမက ပြည်ပအထိပါ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်က ထိုင်မလေးတွေအသည်းစွဲရတဲ့ မင်းသားဖြစ်သလို မြန်မာပြည်က နှုတ်ခမ်းနီမလေးတွေကလည်း သူ့ကို သည်းသည်းလှုပ်အားပေးကြတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အနုပညာစန်းကတော့ အရမ်းကောင်းပြီး အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာဖြစ်ပါတယ်နော်။

Photo Credit:May Chit Thway
Photo Credit:ပိုပို Facebook page
Photo Credit:ပိုပို Facebook page

ပိုင်တံခွန်က အနုပညာအလုပ်တွေကိုလည်း အများအပြားလုပ်ကိုင်နေရပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်။လတ်တလောမှာဆိုရင်တော့ ပိုင်တံခွန်က တေးသံရှင် ပိုပိုနဲ့အတူ Music Video လေး ရိုက်ကူးဖို့အတွက် ခရီးထွက်နေရတာဖြစ်ပါတယ်။ပိုင်တံခွန်တို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ ခင်ခင်မင်မင်နဲ့ အနုပညာအလုပ်တွေတွဲလုပ်နေကြတာဖြစ်ပါတယ်နော်။

Photo Credit:ပိုပို Facebook page
Photo Credit:May Chit Thway

ပိုပိုကလည်း မင်းသားချောလေး ပိုင်တံခွန်နဲ့အတူ အတွဲညီညီနဲ့ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အသစ်ထွက်ရှိလာမယ့် သီချင်းအသစ်လေးကို စောင့်မျှော်နေကြပြီး သူတို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို အားပေးနေကြတာဖြစ်ပါတယ်။ပိုင်တံခွန်နဲ့ပိုပိုတို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Chit Thway
Photo Credit:May Chit Thway
Photo Credit:May Chit Thway

Photo Credit:May Chit Thway

Source:Paing Takhon's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။