Photo credit - Team Liquid twitter account

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ထဲက ထွက်ရှိနေတဲ့ ကောလဟာလ တစ်ခုကတော့ အမှန်တကယ်ဖြစ်လို့လာပါပြီ။

Team Liquid အနေနဲ့ ကောလဟာလ ထဲကအတိုင်း သူတို့ရဲ့ cs:go team က player တစ်ဦးဖြစ်တဲ့ nitr0 နဲ့ တရားဝင်လမ်းခွဲခဲ့ပြီပဲ ဖြစ်ပါတယ်။

nitr0 ကတော့ Team Liquid ကို 2015 ခုနှစ် 1 လပိုင်း 13 ရက်နေ့ထဲက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး Team Liquid မှာကစားလာတာဟာ 5 နှစ်ခွဲလောက်တောင် ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

အခုလမ်းခွဲခဲ့ချိန်မှာတော့ Team Liquid အနေနဲ့လည်း nitr0 ကိုကျေးဇူးတင်ကြောင်းပြောခဲ့ပေမယ့် nitr0 ရဲ့နေရာမှာအစားထိုးမယ့် player အကြောင်းကိုတော့ ဘာမှမပြောခဲ့ပါဘူး။

Team Liquid အနေနဲ့လည်း ကောလဟာလထဲကအတိုင်းပဲ Grim ကိုခေါ်ယူသွားမလား ဒါမှမဟုတ် ဘယ် player ကိုခေါ်ယူသွားမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါပဲ။

Team Liquid ရဲ့ ကျန်ရှိနေတဲ့ roster ကတော့

Jonathan "⁠EliGE⁠" Jablonowski

Russel "⁠Twistzz⁠" Van Dulken

Keith "⁠NAF⁠" Markovic

Jake "⁠Stewie2K⁠" Yip

Eric "⁠adreN⁠" Hoag (coach)

တို့ပဲဖြစ်ပါတယ်။

Team Liquid အနေနဲ့ nitr0 အကြောင်းဘာတွေပြောထားလဲဆိုတာ အောက်ကဗီဒီယိုလေးထဲမှာ ကြည့်လိုက်ရအောင်ဗျာ......

Source - Team Liquid twitter account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။