Photo credit - Astralis twitter account

Europe region က cs:go team တစ်ခုဖြစ်တဲ့ Astralis ကတော့ သူတို့ရဲ့ roster update တစ်ခုကိုကြေညာခဲ့ပါတယ်။

Astralis ကြေညာခဲ့တာကတော့ JUGI အသင်းကနေထုတ်ပယ်ခဲ့ပြီဆိုတာပဲ ဖြစ်ပါတယ်။

JUGI ဟာ Astralis ကိုပြီးခဲ့တဲ့ 5 လပိုင်း 11 ရက်နေ့ကမှ ပြောင်းရွှေ့လာခဲ့တာ​ဖြစ်ပြီး ကစားတာ သုံးလ မပြည့်ခင်မှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Astralis အနေနဲ့လည်း လစ်လပ်သွားတဲ့ JUGI ရဲ့နေမှာ အသက် 22 နှစ်အရွယ် Bubzkji ကိုခေါ်ယူပြီး အစားထိုးခဲ့ပါတယ်။

ဒါ့ကြောင့် Astralis ရဲ့ လက်ရှိ cs:go roster ကတော့

Nicolai "⁠device⁠" Reedtz

Peter "⁠dupreeh⁠" Rasmussen

Emil "⁠Magisk⁠" Reif

Patrick "⁠es3tag⁠" Hansen

Lucas "⁠Bubzkji⁠" Andersen

Danny "⁠zonic⁠" Sørensen (coach)

တို့ပဲဖြစ်ပါတယ်။

Source - Astralis twitter account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။