ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းဟာဆိုရင် စကားပြောတာလေးကလည်း အရမ်းချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေက သူမကို ချစ်နေရတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက ဟိုးအရင်ကတည်းက ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ သဉ္ဇာနွယ်ဝင်းက ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်လို့ မိသားစုကိုသာ အချိန်ပေး ဂရုစိုက်နေပါတယ်နော်။

Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account

သဉ္ဇာနွယ်ဝင်းက သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်ဖြစ်ပြီး ကလေးမွေးထားတာတောင် လုံးဝအလှမပျက်သွားပါဘူးနော်။ကလေးလေးနှစ်ယောက်ကလည်း မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းကြပြီး ပရိသတ်တွေကလည်း အမြဲစောင့်ကြည့်အားပေးနေကြတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးက နွေးနွေးထွေးထွေးနဲ့ သာယာမှုအပြည့်ရှိတဲ့ ချစ်စရာမိသားစုလေးဖြစ်ပါတယ်။

Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account

မေမေသဉ္ဇာနွယ်ဝင်းကတော့ သားနဲ့သမီးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ဘေးနားမှာ အမြဲနေပေးတာဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း အမြဲတမ်းလှပနုပျိုနေပြီး ချစ်စရာလေးပါနော်။အခုဆိုရင်လည်း နူးညံ့သိမ်မွေ့‌တဲ့အလှအပတွေက မြင်သူတိုင်းရင်ကို အေးချမ်းစေလှပြီး ချစ်စရာအပြုံးလေးတွေနဲ့ အရမ်းလှနေတဲ့ မေမေသဉ္ဇာနွယ်ဝင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account
Photo Credit:Thinzar Nwewin's Facebook Account

Source&Photo Credit:Thinzar Nwewin's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။