ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကြောင့် ပုရိသတွေ ချစ်မဝဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ သူမဟာ အသက် (၃၀) ကျော်လို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုလှပနေသူလေးလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း အောင်မြင်မှုတွေရရှိထားပြီး အကယ်ဒမီထူးချွန်ဆုလည်း ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။  

Photo Crd- Aye Myat Thu’s Facebook Page
Photo Crd- Aye Myat Thu’s Facebook Page
Photo Crd- Aye Myat Thu’s Facebook Page

မမြတ်လေးရဲ့ ကိုယ်လုံးလေးဟာလည်း မိန်းကလေးချင်းတောင် အားကျငေးမောယူနေရတာလည်း ဖြစ်ပါတယ်။ သူမဟာ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းတွေ အမြဲလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေ သိရှိရအောင် အမြဲဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူမရဲ့ Facebook Page လေးမှာ Live Video လေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Aye Myat Thu’s Facebook Page
Photo Crd- Aye Myat Thu’s Facebook Page
Photo Crd- Aye Myat Thu’s Facebook Page

ဒါကတော့ ကျစ်လစ်လှပတဲ့ ကိုယ်လုံးလေးဖြစ်အောင် လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန်တွေ လုပ်နေတဲ့ အေးမြတ်သူရဲ့ Live Video လေးပဲ ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေ အမြဲလုပ်နေတာကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးက ဘယ်ဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် မမြတ်လေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aye Myat Thu’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။