မင်းသားချော ပိုင်တံခွန်ကတော့ ဆယ်ကျော်သက်အရွယ် ပျိုပျိုမေလေးတွေကြားမှာ သည်းသည်းလှုပ် ရေပန်းစားအောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ခဏလေးအတွင်းမှာ လူသိများအောင်မြင်လာတဲ့ ပိုင်တံခွန်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ သီချင်းဗီဒီယိုတွေ ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချက်ပြုံးလိုက်တိုင်း ပျိုပျိုမေလေးတွေရဲ့ ရင်ခုန်သံတွေကို မြန်ဆန်စေနိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။

Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account

ပိုင်တံခွန်ကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အလုပ်တွေကြိုးစားသလို မိဘပေါ်သိတတ်တဲ့ ပိုင်တံခွန်ကတော့ အခုလည်း သူရဲ့ အနုပညာကြေးလေးနဲ့ မိဘနှစ်ပါးအတွက် အိမ်အသစ်တစ်လုံးနဲ့ ကားတစ်စီးကို suprise လုပ်ကာ လက်ဆောင်လေးပေးခဲ့ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေနဲ့အတူ "ကျနော့်ရဲ့ ကံကောင်းခြင်းတွေက မိဘ ကို ကျွေးမွေးပြုစုခြင်းက လာတာပါ ဒီနေ့ အိမ်သစ်‌လေးတစ်လုံး နဲ့ ကား တစ်စင်း ကို အဖေ အမေ အတွက် ကျနော် လက်ဆောင်ဝယ်ပေးဖြစ်တာပါ Surprise လုပ်ဖို့ အမျိုးမျိုးလိမ်ပြီးခေါ်ခဲ့ရတယ် နောက်ဆုံးတော့ အဖေလည်း ငို အမေလည်း ငို ကျနော်လည်း ပီတိဖြစ်ရ ဒါက ကျနော့်ဘဝအကြောင်းလေး

တချို့သိချင်ကြတဲ့ သူတွေအတွက်ပါ ။ ဘယ်အရာမှ ဖုံးကွယ်လို့ မရပါဘူး

ကျနော် ကြိုးစားခဲ့တဲ့ ဘဝ အကျဉ်းလေး ပြောပြမယ်နော်

ကျနော်မှာ မောင်နှမ 6 ယောက်ရှိတယ်။ကျနော်က ၄ယောက် မြောက်သား

ငယ်စဉ်က ကျနော့ မိဘတွေ ငွေကြေး ပြည့်စုံတော့

ဘယ်နေရာရောက်ရောက် ကျနော်တို့ မောင်နှမတွေ မျက်နှာတချက် မငယ်ခဲ့ရဖူးဘူး ဘဝ တကွေ့မှာ ကျနော် ဆယ်တန်းဖြေပြီးခါစအချိန်ပေါ့ ကျနော့်မိဘတွေ ဘာဆိုဘာမှ မရှိအောင်ကို ဆင်းရဲ အတိ ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် အဖေအမေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာက ကျနော်တို့အတွက် ဆင်းရဲဒုက္ခဆိုတာ ဘာမှန်းမသိအောင် ကာကွယ်ပေးခဲ့တယ်။

အဲဒီအချိန်က ကျနော်တို့ ရန်ကုန် စပြီးပြောင်းလာတဲ့အချိန် ။

ကျ‌နော်ကိုမွေးတဲ့အချိန်ကတည်းက အလုပ်သမားများစွာ နဲ့ ပြည့်ပြည့်စုံစုံ နေ ‌ခဲ့ရတဲ့ ကျနော့် ရဲ့အဖေ နဲ့ အမေ ကျောက်မြောင်းမှာ တိုက်ခန်းလေးငှားပြီး သုခလမ်းက တိုက်အောက်‌လေး မှာ ဒီ သားသမီး ၆ယောက် စားဝတ်နေရေးအတွက် မုန့်တီသုပ်လေး ရောင်းနေတဲ့ မြင်ကွင်း ကျနော် မခံစားနိုင်ခဲ့ဘူး ညအိပ်ခါနီးတိုင်း မနက်အစောကြီးအဖေအမေထပြီး မုန့်ရောင်းရအုန်းမှာပါလားဆိုတဲ့ စိတ်နဲ့ ငိုမိတယ် အဲဒီအချိန်ကတည်း ကျနော်ရင်ထဲအမြဲ တောင်းခဲ့ရတဲ့ ဆု တခုပဲ ရှိခဲ့တယ် ။ တနေ့ သား လုပ်ကျွေးခွင့်ရပါရစေလို့ ။

ဒီလိုနဲ့ပဲ. ကျ‌နော်နဲ့ အမေ ကြား ပြဿနာအသေးလေးတခုကြောင့် ကျနော် 18 နှစ်လောက်မှာ အိမ်ကနေ ထွက်ခွာခဲ့တယ် ဒီနေ့ထိပေါ့ အိမ်ကထွက်ခွာခဲ့ပေမယ့် တရက်မှ မိသားစုအပေါ် တာဝန်မပျက်ဖူးဘူး အပြင်လောကမှာ တစ်ယောက်တည်းရပ်တည်ရတာ တကယ်ခက်ခဲပါတယ်။ အဖေ အမေ ငယ်စဉ်ကတည်းကအမြဲ ဆုံးမဖူးတဲ့ စကားရှိတယ်။

"သူများဆီက ငွေတကျပ်တောင် မမက်မောမိစေနဲ့တဲ့ သူများငွေတကျပ်ယူမိရင် တကျပ် ပြန်ဆပ်နိုင်အောင်ကြိုးစားပြီး ဘဝကိုအရိုးသားဆုံး နေထိုင်ပါ တဲ့ "ကျနော်မိဘတွေနဲ့ အတူတူမနေပေမယ့် အပြင်လောကမှာ အဖေ အမေ သွန်သင်ဆုံးမ ပေးခဲ့တဲ့အတိုင်း အရိုးသားဆုံး ကြိုးစားအလုပ်လုပ်တယ်။ ရှာဖွေတယ် စုဆောင်းခဲ့တယ်။

ငွေ တစ်ထောင် စပြီး ရတဲ့နေ့ကတည်းက ကိုယ်ကျိုးအတွက် ကျနော် မသုံးခဲ့ဖူးဘူး။ လှူတယ် ခက်ခဲတဲ့ သူတွေကို ကူညီပေးတယ်။

သူများတွေ ကားကောင်းတွေ စီးပြီး ပျော်ပါးနေချိန်မှာ ကျနော် မနက်စာ နေ့လည်စာ ညစာကို 1600 ထက် ပိုမစားခဲ့ဖူးဘူး ။ ကျနော် ရှာဖွေသမျှ အရာရာတိုင်းလည်း ငါ့မိသားစု အတွက် နဲ့ လှူဒါန်းဖို့ အတွက် ဆိုတဲ့ စိတ်ပဲရှိခဲ့တယ် ။ အခုချိန်မှာတော့ ကျနော့်ရဲ့ ပီတိက ကျ‌ေနာ် သိပ်ကို မြင်ချင်တဲ့ အရင်တချိန်က မိသားစု ပုံရိပ်တခုကို တဖြေးဖြေး မြင်နေရပြီဆိုတာပါပဲ နောက်ဆုံးအနေနဲ့ ကျနော်ရဲ့ ပရိတ်သတ် ညီကိုမောင်နှမ အားလုံးကို ပြောပြချင်တာက မိဘကို လုပ်ကျွေးပြုစုခွင့်ဆိုတာ မိဘကိုပေးတဲ့အရာဝတ္ထုတွေရဲ့ တန်ကြေးမဟုတ်ပါဘူး မိဘအပေါ် ရင်ထဲကလာတဲ့ အရိုးသားဆုံး တန်ပြန်တာဝန်သိတတ်မှုပါ ။ ဒါက မိဘအပေါ်မှာ ကိုယ့်ရဲ့ အသန့်ရှင်းဆုံး လုပ်ကျွေးပြုစုခွင့်ပါလို့ ပြောရင်း နိဂုန်းချုပ်ပါတယ်ခင်မျာ" ဆိုတဲ့ စာလေးနဲ့အတူဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account

ပုံလေးတွေကြည့်ပြီး ကိုယ်တွေပါ အပျော်တွေ ကူးစက်ကာ ကြည်နူးပီတိဖြစ်မိတာ အမှန်ပဲဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ကြော်ငြာတွေများစွာ ရိုက်ကူးရပြီး ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်နေတာ တွေ့ရပါတယ်။ ချစ်ပရိသတ်ကြီးတွက် ပိုင်တံခွန်ရဲ့ ပုံလေးတွေကို ကြည့်ရှုနိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Paing Takhon Facebook Account
Photo Credit : Paing Takhon Facebook Account

Source & Photo Credit : Paing Takhon Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။