ဒါရိုက်တာစင်ရော်မောင်မောင်ကတော့ အောင်မြင်တဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်ထားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့သူလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ စင်ရော်မောင်မောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ပဲဖြစ်ပါတယ်။

PHOTO CREDIT : ZIN YAW MG MG ' S FACEBOOK PAGE
PHOTO CREDIT : ZIN YAW MG MG ' S FACEBOOK PAGE

စင်ရော်မောင်မောင်ကတော့  ယခုမှာ " သမီး လိမ္မာခင်ပိုးပန်းချီနဲ့ တွေ့ဆုံခွင့်ရတယ်။ကြည်လင်အေးချမ်းတဲ့ အသံပိုင်ရှင်ဖြစ်သလို ၊ လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦးအဖြစ် တွေ့မြင်ရတာ အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။သဘာဝ ဓမ္မဂါယာ သီ လ ရှင် ကျောင်းအတွက် မိမိရဲ့အနုပညာ လုပ်ငန်းမှရရှိသော အလှူငွေကို ပူဇော်လှူဒါန်းသွားသည်ကိုလည်းတွေ့ရတဲ့အတွက် ထပ်ဆင့်ဂုဏ်ယူဝမ်းသာမိပါတယ်။သမီးခင်ပိုးပန်းချီရဲ့ အလှူအရပ်ရပ်အား facebook မှ ကြည့်ရှုသူများမှ အမျှ အမျှ အမျှ သာဓုခေါ်ကြပါခင်ဗျာ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။ 

PHOTO CREDIT : KHIN POE PANCHI ' S FACEBOOK PAGE
PHOTO CREDIT : ZIN YAW MG MG ' S FACEBOOK PAGE

စင်ရော်မောင်မောင်ကတော့ ယခုမှာ လိမ္မာရေးခြားရှိပြီး သဘာဝဓမ္မဂါယာသီလရှင်ကျောင်းအတွက် အလှူငွေတွေလှူဒါန်းသွားတဲ့ ခင်ပိုးပန်းချီအတွက် ဝမ်းသာဂုဏ်ယူနေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ခင်ပိုးပန်းချီတစ်ယောက် သူမရဲ့ အနုပညာကြေးထဲကနေ သဘာဝဓမ္မဂါယာသီလရှင်ကျောင်းအတွက် လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။ 

SOURCE : ZIN YAW MG MG ' S FACEBOOK PAGE 

PHOTO CREDIT : ZIN YAW MG MG ' S FACEBOOK PAGE
PHOTO CREDIT : ZIN YAW MG MG ' S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။