ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နှစ်အနည်းငယ်အတွင်းမှာပဲ အနုပညာလောကမှာ နေရာတစ်နေရာအခိုင်အမာ ရရှိလာခဲ့တဲ့သူလေးဖြစ်ပါတယ်။ 

ဖြူဖြူထွေးဟာ အမြဲလိုလို ပျော်ပျော်နေတတ်ပြီး ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတာကြောင့် ချစ်ခင်သူတွေပေါများနေတာဖြစ်ပါတယ်။

Photo credit-Amazing Grace
Photo credit-Amazing Grace

လက်ရှိမှာတော့ ဖြူဖြူထွေးဟာ ကြော်ငြာတွေကို ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးက အနုပညာအလုပ်တွေကို မနားတမ်းလုပ်ကိုင်နေရတာလည်းဖြစ်ပြီး မိဘကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးဖြစ်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုပုံလေးတွေကို ပရိသတ်တွေအတွက်မျှဝေပေးလေ့ရှိသူပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "ကြော်ငြာရိုက်ကူးရေးထဲကအပူအပင်ကင်းတဲ့ ခလေးတစ်ယောက်လို" ဆိုတဲ့ captionလေးနဲ့ရိုက်ကွင်းအမှတ်တရပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

Source-Phyu Phyu Htwe's Facebook acc

Photo credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။