မင်းသမီးချောလေး ဖွေးဖွေးကတော့ ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေအပေါ်မှာ ရင်းရင်းနှီးနှီး ဆက်ဆံတတ်သူလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ဖွေးစိန်လေးက လူချစ်လူခင်ပေါများပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိနေတာ ဖြစ်ပါတယ် ။ အကယ်ဒမီဆု သုံးဆုတိတိဆွတ်ခူးရရှိထားတဲ့ ဖွေးစိန်လေးက သရုပ်ဆောင်ပိုင်းမှာ အရည်အချင်းပြည့်ဝသူလေးပဲ ဖြစ်ပါတယ် ။

Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page

လတ်တလောမှာတော့ ဖွေးစိန်လေးက အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို သူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ ဖွေးစိန်လေးက သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ်နဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ် ။ "ငါ့ကမ္ဘာထဲ" လို့အမည်ပေးထားတဲ့ သီချင်းအေးအေးလေးကိုတော့ ဖွေးစိန်လေးက အသံချိုချိုလေးနဲ့ နားဆင်လို့ကောင်းအောင် သီဆိုထားတာ ဖြစ်ပါတယ် ။

Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page

ဒါ့အပြင် ဖွေးစိန်လေးက သီချင်းဗီဒီယိုလေးမှာလည်း ထိမိပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့ သူမကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ် ။ အမိုက်စားဖန်တီးထားတဲ့ ဖွေးစိန်ရဲ့သီချင်းဗီဒီယိုလေးကတော့ နာရီပိုင်းအတွင်းမှာတင်ကြည့်ရှုသူအများအပြားရရှိပြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးစိန်ကိုယ်တိုင်သီဆိုပြီး သရုပ်ဆောင်ထားတဲ့ သီချင်းဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phway Phway's FB Page

Photo Credit-Phway Phway's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။