မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ဟာသဗီဒီယိုလေးတွေနဲ့ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့သူလေးပဲဖြစ်ပါတယ်။လတ်ရှိမှာတော့ သူမက ကြော်ငြာတွေကို များစွာရိုက်ကူးလာသလို နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်များနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ စကားပြောရင်လည်း သွက်သွက်လက်လက် နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို စိတ်သဘောထားပြည့်ဝသူလေးပဲဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

ဒါ့အပြင် အနုပညာကနေရရှိတဲ့ ငွေကြေးတချို့ကိုလည်း လိုအပ်နေတဲ့သူတွေကို တက်နိုင်သလောက် လှူဒါန်းပေးတာကို တွေ့ရပါတယ်။ ဖြူဖြူထွေး က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း အချစ်တော်လေး ဖြူဖြူထွေး က ပရိသတ်တွေအတွက် သူမရဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေး က ရိုးယဥ်တဲ့ မြန်မာဆန်ဆန် ဝတ်စုံလေးကို ဝတ်ပြီး မြင်သူတိုင်း ချစ်အားပိုအောင် ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးကတော့ တစ်နေ့တခြား ဆိုသလို ပိုပြီးချစ်စရာကောင်းလာတာကို တွေ့ရပါတယ်နော်..။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ရိုးရိုးယဥ်ယဥ် ဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace

Photo Credit - Amazing Grace

Source - Phyu Phyu Htwe's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။