ပရိသတ်ကြီးရေ.....မင်းသမီးချောလေးခြူးလေးကတော့ ဇာတ်လမ်းတွဲတွေကိုရိုက်ကူးလာခဲ့ရာကနေ အောင်မြင်မှုရရှိလာတာပဲဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးခဲ့တဲ့ Mrtv-4ရဲ့ဇာတ်ကားကောင်းတွေဖြစ်တဲ့ "ထာဝရမန္တလေး၊ နွေလယ်ညရဲ့လမင်း" စတဲ့ဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိခဲ့တာပါ။ ဒါ့ပြင်ခြူးလေးဟာ ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးအောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

ခြူးလေးဟာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေအပြင် အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းတွေသီဆိုတတ်ပါသေးတယ်။ မကြာသေးမီကထွက်ရှိတဲ့ သူမရဲ့သီချင်းသစ်ဖြစ်တဲ့ "နီးနီးလေးပဲ"ဆိုတဲ့ သီချင်းလေးဟာလည်း လူငယ်ပရိတ်သတ်တွေကြားမှာရေပန်းစားတဲ့ သီချင်းကောင်းလေးပါနော်။ အခုလက်ရှိမှာဆိုရင်လည်း ခြူးလေးဟာ ကြော်ငြာတွေဆက်တိုက်‌ဆိုသလိုရိုက်ကူးနေရတာလည်းဖြစ်ပါတယ်။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

ခြူးလေးဟာ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာတွင် "စိတ်မှန်တဲ့ ငြိမ်းချမ်း ခြင်းဆိုတာ.... ကိုယ်မှာဘဲ ရှာလို့ရတာ.... " ဆိုတဲ့captionလေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ပုံလေးတွေကိုတင်ပေးလာတာဖြစ်ပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chue Lay's Facebook page
Photo credit-Chue Lay's Facebook page

Source-Chue Lay's Facebook page

Photo credit-Chue Lay's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။