ဒါရိုက်တာတစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ ကိုပေါက်ကတော့ အခုလတ်တလောမှာ ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် ဟာသဗီဒီယိုလေးတွေ တင်ဆက်ပေးနေတာ ဖြစ်ပါတယ် ။ ကိုပေါက်ရဲ့သရုပ်ဆောင်ချက်တွေနဲ့ ပြက်လုံးတွေက ထိမိလွန်းတာကြောင့် ပရိသတ်တွေကလည်း သဘောကျနေရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ကိုပေါက်က အနုပညာညီအစ်ကိုတွေနဲ့အတူ ခရီးထွက်နေတာ ဖြစ်ပါတယ် ။

Photo Credit-Aung Min Naing's FB Acc
Photo Credit-Aung Min Naing's FB Acc
Photo Credit-Aung Min Naing's FB Acc

ဒီခရီးစဉ်လေးမှာတော့ ကိုပေါက်နဲ့အတူ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်းနဲ့ ထွန်းထွန်းတို့ပါဝင်ကြတာပဲ ဖြစ်ပါတယ် ။ လူစုံတက်စုံနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေးမှာ ကိုပေါက်က အပျော်တမ်းဟာသဗီဒီယိုလေးတွေလည်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ကိုပေါက်က သရုပ်ဆောင် ကျော်ကျော်ဗိုလ်နဲ့အတူ အပြန်အလှန်စနောက်ကျီစယ်ရင်း ရယ်မောခဲ့ရတဲ့ဗီဒီယိုလေးကို ပရိသတ်တွေအတွက် မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Aung Min Naing's FB Acc
Photo Credit-Aung Min Naing's FB Acc
Photo Credit-Aung Min Naing's FB Acc

ဒီဗီဒီယိုလေးမှာတော့ ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့နှစ်ယောက်က အတူတူခရီးထွက်လာရင်း သူတို့ရောက်ခဲ့တဲ့ မြို့လေးတွေအကြောင်း ပရိသတ်တွေကို ပြောပြနေကြတာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေကို ဗဟုသုတအနေနဲ့ မျှဝေပေးနေရင်း ကိုပေါက်တစ်ယောက် ကျော်ကျော်ဗိုလ်ရဲ့ဆေးထိုးစနောက်တာခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုပေါက်နဲ့ ကျော်ကျော်ဗိုလ်တို့နှစ်ယောက်ရဲ့အခွီတလိုင်း ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Aung Min Naing's FB Acc

Photo Credit-Aung Min Naing's FB Acc
Photo Credit-Aung Min Naing's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။