သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ရသလို အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်တဲ့အပြင် ရုပ်ရည်လေးကလည်း ချောမောလှပတဲ့ အိချောပိုက ပရိသတ်တွေရဲ့အချစ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အိချောပိုက ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။

Photo Credit-Ei Chaw Po's FB Acc
Photo Credit-Ei Chaw Po's FB Acc
Photo Credit-Amazing Grace

အိချောပိုက ကိုယ်လုံးကိုယ်ပေါက်လှပသူလေးဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေနဲ့ ညှို့အားပြင်းလွန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိချောပိုက အမိုက်စားဖက်ရှင်လေးတွေနဲ့ဆိုရင်လည်း လိုက်ဖက်သလို မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင်လည်း ကျက်သရေရှိစွာ လှသွေးကြွယ်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိချောပိုက ဒီဇိုင်နာမျိုးမင်းစိုးရဲ့လက်ရာ မြန်မာဝတ်စုံလေးတွေကိုဝတ်ဆင်ပြီး ကြော်ငြာရိုက်ကူးရေးပြုလုပ်နေတာ ဖြစ်ပါတယ်။

Photo Credit-Myo Min Soe's FB Acc
Photo Credit-Myo Min Soe's FB Acc
Photo Credit-Myo Min Soe's FB Acc

ရိုက်ကူးရေးနားတဲ့အချိန်လေးတွေမှာတော့ အိချောပိုနဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့နှစ်ယောက်က အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေရိုက်ကူးခဲ့ကြတာလည်း ဖြစ်ပါတယ်။ အိချောပိုတို့နှစ်ယောက်ကတော့ အချစ်သီချင်းလေးတွေကိုနောက်ခံထားပြီး အတွဲညီညီသရုပ်ဆောင်ပြထားကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိချောပိုနဲ့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Designer Myo Min Soe's Tik Tok Acc 

Photo Credit-Myo Min Soe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။