တေးရေး၊ တေးဆိုတစ်ဦးဖြစ်တဲ့ အာဘွိုင်းကတော့ လူငယ်ပရိသတ်တွေကြားမှာ အခိုင်အမာအားပေးမှု ရရှိထားတာပဲ ဖြစ်ပါတယ်။ သီချင်းကောင်းကောင်းလေးတွေဖန်တီးခဲ့တဲ့ အာဘွိုင်းက မကြာသေးခင်ကလည်း "အငွေ့အသက်များ" ဆိုတဲ့သီချင်းအသစ်လေးကို အဆိုတော်ချမ်းမြေ့မောင်ချိုနဲ့အတူ သီဆိုခဲ့တာ ဖြစ်ပါတယ်။ မိသားစုကိုအချိန်ပေးပြီး ဂရုစိုက်တတ်တဲ့ အာဘွိုင်းက သာယာချမ်းမြေ့တဲ့ကိုယ်ပိုင်ဘဝလေးတစ်ခုကို ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit-Ye Min Lay Photography
Photo Credit-Ye Min Lay Photography
Photo Credit-Ye Min Lay Photography

အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အရမ်းကိုပြီးပြည့်စုံတဲ့ အာဘွိုင်းတို့မိသားစုလေးက သာယာကြည်နူးဖွယ်ကောင်းတာကြောင့် အများကပါအားကျနေရတာလည်း ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ အာဘွိုင်းက သမီးလေးတွေနဲ့အတူ အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ်။

Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Kyaw Phyo Tun's FB Acc

မကြာသေးခင်ကလည်း အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့က သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့တာပဲ ဖြစ်ပါတယ်။ အာဘွိုင်းတို့ဇနီးမောင်နှံက သမီးလေးတွေနဲ့အတူ အနောက်ကနေလိုက်ကရင်း အလွဲလေးတွေဖြစ်ခဲ့ရတာကလည်း ပျော်စရာကောင်းလို့နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အာဘွိုင်းတို့မိသားစုလေးရဲ့ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-JuJu Phyo Tun's Tik Tok Acc

Photo Credit-Khant Wai Nyein
Photo Credit-Ye Min Lay Photography
@_jujuphyotun_

*bloopers* to the old vid I posted

AhiChallenge - elrodcontreras

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။