နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ မိတ်ကပ်ပညာနဲ့ အောင်မြင်ကျော်ကြားနေသလို သရုပ်ဆောင်အဖြစ်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တော်တဲ့ လင်းလင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျော်ပျော်နေတတ်တဲ့ လင်းလင်းက လူချစ်လူခင်ပေါများပြီး အောင်မြင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc

လတ်တလောမှာတော့ လင်းလင်းတစ်ယောက် ကြော်ငြာလေးတွေ ဆက်လက်ရိုက်ကူးနေသလို မိတ်ကပ်ပညာရှင်အဖြစ်လည်း အလုပ်တွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လင်းလင်းက Tik Tok ကစားရတာကို ဝါသနာပါသူလေးဖြစ်ပြီး မကြာခဏဆိုသလို အပျော်တမ်းဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း လင်းလင်းက အခွီတလိုင်းပုံစံလေးနဲ့ ရုပ်ပြောင်လေးလုပ်ကာ Tik Tok ကစားပြထားတာပဲ ဖြစ်ပါတယ်။

Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc
Photo Credit-Lin Linn's FB Acc

ဒီတစ်ခါမှာတော့ လင်းလင်းက ပုသိမ်ထီးလေးဆောင်းကာ သီချင်းလေးတွေဆိုရင်း ပျော်ပျော်ပါးပါး Tik Tok ကစားထားသလို အလန်းစားကကွက်တွေနဲ့ အားရပါးရကပြထားတာဖြစ်ပါတယ်။ လင်းလင်းကတော့ သူမတူတဲ့ကကွက်ဆန်းတွေနဲ့ အပီအပြင်ကခုန်ပြီး ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ကဲ ရယ်လည်းရယ်ရသလို ချစ်ဖို့လည်းကောင်းတဲ့ လင်းလင်းရဲ့ Tik Tok ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Lin Linn's Tik Tok Acc 

Photo Credit-Lin Linn's FB Acc
@linlinn7

Love story discolines - ethanishung
@linlinn7

original sound - Hla Maw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။