သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ လှသွေးကြွယ်နေသူလေး ဖြစ်ပါတယ်။ ညိုချောလေးဖြစ်တဲ့ မေကဗျာက ကလေးတစ်ယောက်မေမေဖြစ်ပေမယ့်လည်း အခုချိန်အထိ လူငယ်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတာ ဖြစ်ပါတယ်။ မေကဗျာက သွယ်လျလှပပြီး အချိုးအစားပြေပြစ်တဲ့ သူမရဲ့ Body လေးကို ထိန်းသိမ်းထားနိုင်ပြီး တစ်နေ့ထက်တစ်နေ့ ပိုလှနေတာ ဖြစ်ပါတယ်။ 

Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc

လတ်တလောမှာတော့ မေကဗျာက အနုပညာအလုပ်တွေအပြင် Online Shopping အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် မေကဗျာက သူမတို့မိသားစုရဲ့စက်ရုံကထုတ်လုပ်တဲ့ အဝတ်အထည်လေးတွေကို ကိုယ်တိုင် live လွှင့်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နေမျိုးအောင်တို့ဇနီးမောင်နှံက မေကဗျာရဲ့အိမ်ကိုအလည်လာပြီး သူမနဲ့အတူ အလုပ်တွေကိုဝိုင်းကူလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc
Photo Credit-Nay Myo Aung's FB Acc

ဒါကြောင့် မေကဗျာက "ဒီနေ့ပစ္စည်းတွေကို အာဗြဲစိန်နှင့် မင်းသားကြီးကိုယ်တိုင် လာကူပေးနေပါတယ်နော် ကျေးဇူးပါ" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ မေကဗျာနဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံကတော့ အရမ်းကိုခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေပဲ ဖြစ်ကြပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အလုပ်တွေလုပ်ရင်း ပျော်ရွှင်နေကြတဲ့ မင်းသမီးချောလေး မေကဗျာနဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-May Kabyar's FB Acc 

Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc
Photo Credit-May Kabyar's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။