မော်ဒယ်မလေး စူးရှထက်ကတော့ ပုရိသတွေကြားမှာ အမိုက်စားပုံရိပ်လေးတွေနဲ့ အထူးတလည် ရေပန်းစားအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ စူးရှထက်က Photo Shooting လေးတွေ ရိုက်ကူးခဲ့ရသလို သီချင်းဗီဒီယိုလေးတွေမှာလည်း ပါဝင်သရုပ်ဆောင်ရင်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စူးရှထက်က အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

စူးရှထက်က ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး သူမကိုယ်တိုင် ဦးစီးရောင်းချနေတာပဲ ဖြစ်ပါတယ်။ အလုပ်တွေကြိုးစားနေသလို အရင်ကထက်တောင် ပိုလှလာတဲ့ စူးရှထက်ကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အခုလည်း စူးရှထက်က ကမ်းခြေမှာ သာသာယာယာအပန်းဖြေရင်း ပျော်ရွှင်နေတဲ့ သူမရဲ့အမိုက်စားဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc
Photo Credit-Zar Chi's FB Acc

ဒီဗီဒီယိုလေးမှာတော့ စူးရှထက်တစ်ယောက် ကမ်းခြေမှာ စတိုင်ကျကျလေးမြင်းစီးရင်း ပျော်ပျော်ပါးပါး အနားယူနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စူးရှထက်က ရေကူးဝတ်စုံလှလှလေးဝတ်ပြီး ညှို့အားပြင်းတဲ့ပုံစံလေးနဲ့ အပြတ်အသတ်လန်းနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ်မလေး စူးရှထက်ရဲ့ကမ်းခြေထက်က အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Zar Chi's FB Acc 

Photo Credit-Zar Chi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။