မင်းသမီးချောလေး ရွှေမှုံရတီကတော့ ဆယ်ကျော်သက်အရွယ်လေးကတည်းက ဗီဒီယိုဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် စတင်ရိုက်ကူးခဲ့ရသူလေး ဖြစ်ပါတယ်။ သရုပ်ဆောင်တော်ပြီး အချိန်ခဏလေးအတွင်းမှာတင် အောင်မြင်လာခဲ့တဲ့ ရွှေမှုံရတီက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်စတိုင်လေးနဲ့ နေထိုင်တတ်ပြီး အမြဲတမ်းလှနေတဲ့ ရွှေမှုံလေးကို ပရိသတ်တွေကလည်း ချစ်ခင်ရတာ ဖြစ်ပါတယ်။

Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc

လက်ရှိမှာတော့ ရွှေမှုံရတီက အဆိုတော်၊သရုပ်ဆောင် ရွှေထူးနဲ့အိမ်ထောင်ကျပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ ရွှေထူးကလည်း ချစ်ဇနီးချောလေး ရွှေမှုံရတီကို အမြဲလိုလိုကြင်နာယုယပေးပြီး Romantic ဆန်ဆန်လေး ချစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေမှုံရတီက အိမ်ထောင်ရှင်မလေးဖြစ်သွားတာတောင်မှ အရင်ထက်ပိုပိုပြီး လှသွေးကြွယ်လို့နေတာပဲ ဖြစ်ပါတယ်။

Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc

အခုလည်း ရွှေမှုံရတီက ကြည်လင်ဝင်းပတဲ့မျက်နှာလှလှလေးနဲ့ အရုပ်မလေးလို အရမ်းချစ်စရာကောင်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အလှတွေပိုတိုးလာတဲ့ ရွှေမှုံလေးကတော့ ချစ်စရာအမူအရာလေးတွေနဲ့ပို့စ်ပေးရင်း နုဖတ်လှပနေတာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Shwe Hmone Yati's FB Acc 

Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc
Photo Credit-Shwe Hmone Yati's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။