သရုပ်ဆောင် အိအိတုန်ကတော့ ဇာတ်ပို့နေရာကနေ ကျရာဇာတ်ရုပ်မရွေး ပီပြင်အောင်ဖန်တီးပြီး သရုပ်ဆောင်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အိအိတုန်က ဗီဒီယိုဇာတ်ကားတွေမှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ရင်းနှီးမှုရရှိနေပြီးသားဖြစ်တဲ့ အိအိတုန်က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

အိအိတုန်က ချစ်ခင်ပွန်း၊သမီးလေးတို့နဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် ဒုတိယမြောက်ကိုယ်ဝန်ကိုတောင် လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သည်လေးဖြစ်တဲ့ အိအိတုန်က ချစ်ခင်ပွန်းဆီက ဂရုစိုက်ကြင်နာမှုတွေကိုလည်း အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အိအိတုန်က နေမကောင်းဖြစ်နေတဲ့ ချစ်ခင်ပွန်းကို သူလိုချင်တဲ့နာရီလေးဝယ်ပေးပြီး ချစ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

အိအိတုန်က " ချစ်သူနေမကောင်းလို့ နေကောင်းပျောက်အောင် လက်ဆောင်ပေးလိုက်တယ် ဘဝမှာ နားလည်မှုပေးနိုင်သောကျားကျားကိုယ်ဆိုးနေလည်း အလျှော့ပေးပြီး ချစ်တတ်သောကျားကျား ခုတော့လိုချင်တာလေးရလို့ နေကောင်းသွားပြီဟုတ် မောင်ရဲ့ပါရမီဖြည့်ဖက်ပါလို့ ခဏခဏတော့နေမကောင်းမဖြစ်ပြနဲ့နော်ချစ်သူ ချစ်တယ်" ဆိုပြီး ပုံလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အိအိတုန်တို့ဇနီးမောင်နှံရဲ့ကြည်နူးပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Ei Tone's FB Acc 

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။