ကိုပေါက်ကတော့ ဇာတ်ပို့၊ ဇာတ်ရံ တစ်ယောက်အနေ နဲ့ အနုပညာလောကထဲကို ခက်ခက်ခဲခဲ ဖြတ်သန်းလာရပြီး ပရိသတ်ရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားလုပ်ကိုင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုပေါက် က မြန်မာ့ရုပ်ရှင်လောကကိုတစ်ထောင့်တစ်နေရာကနေ တိုးတက်အောင်လုပ်ဆောင်ပေးနေတဲ့ ဇာတ်ညွန်းရေး ၊ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ကိုပေါက် က ရှမ်းပြည်နယ်ကို အနုပညာညီအစ်ကိုတွေဖြစ်တဲ့ ထွန်းထွန်း ၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗိုလ် တို့နဲ့ အတူ ဆိုင်ကယ်တွေစီးပြီး သွားရောက်လည်ပတ်နေတာဖြစ်ပါတယ်။

Photo Credit - Aung Min Naing's Facebook Account
Photo Credit - Aung Min Naing's Facebook Account

ယခုဆိုရင် ကိုပေါက် တို့ရဲ့ ရှမ်းပြည်ခရီးစဥ်ကတော့ ပြီးဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက် က ပရိသတ်တွေအတွက် သူတို့သွားရောက်ခဲ့တဲ့ ခရီးစဉ်တချို့ရဲ့ အမှတ်တရရိုက်ထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီ ခရီးစဥ်လေးနဲ့ ပတ်သက်ပြီး အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်စကားဆိုထားရာမှာလည်း "ရင်ခုန်သံရှုမြှော်ခင်းရဲ့ တစိတ်တစ်ဒေသ Dream Travellers သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတရားတွေကိုချစ်ပါ...

Photo Credit - Aung Min Naing's Facebook Account
Photo Credit - Aung Min Naing's Facebook Account

အခိုက်အတန့် ခရီးစဉ်တစ်ခု လှလှပပ ပင်ပင်ပန်းပန်း မဲမဲတူးတူး ခရီးစဉ်လေးတစ်ခု ပြီးခဲ့ပါပြီ....ရောက်ရာအရပ်မှာအားပေးကြသူများ ၊ ကူညီကြသူများ ၊ ဝန်းရံကြသူများ ၊ အထူးကျေးဇူးတင်ပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ သဘာဝအလှတရားတွေကို ကြည့်ရှု့ရင်း ပျော်ပျော်ပါးပါး ဆိုင်ကယ်ကိုယ်စီဖြင့် အပန်းဖြေ ခရီးတွေထွက်ခဲ့တဲ့ ကိုပေါက် ၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗိုလ် နဲ့ ထွန်းထွန်း တို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Min Naing's Facebook Account
Photo Credit - Aung Min Naing's Facebook Account

Photo Credit - Aung Min Naing's Facebook Account

Source - Aung Min Naing's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။