ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော်ကတော့ အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ သူပဲ ဖြစ်ပါတယ်။ ကျော်ထက်ဇော်က သူရဲ့ လက်ဦးဆရာဖြစ်တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်ရဲ့ သင်ကြားမှုအောက်မှာ ပညာအမွေများကို အပြည့်အဝရရှိခဲ့ပြီး သူကိုယ်တိုင်ကလည်း အရည်အချင်းရှိသူဖြစ်လို့ ပရိသတ်ရင်ထဲ အချိန်ခဏလေးမှာ နေရာတစ်ခု စိုက်ထူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo credit - Thu Rein Tun photography

ကျော်ထက်ဇော်က Forever Groupက ရိုက်ကူးထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ စတင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာသေးမီက ဇာတ်သိမ်းသွားခဲ့တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးမှာလည်း နှစ်ကိုယ်ခွဲကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်သိမ်းသွားခဲ့ပေမယ့် ပရိသတ်တွေကြား ယနေ့တိုင် ဆရာနီဆိုတဲ့ နာမည်လေးက စွဲကျန်နေဆဲဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်တဲ့အပြင် ရုပ်ရည်ကလည်း ချောမောလွန်းတာကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာပါနော်။ 

Photo credit - Thu Rein Tun photography

ယနေ့မှာတော့ မင်းသားချောလေး ကျော်ထက်ဇော်က ရှမ်းပြည်နယ် နောင်ချိုမြို့မှာ MTVသွားရောက်ရိုက်ကူးနေပြီး ပုံရိပ်လှလှလေးတွေကို ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေရန်အတွက် တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက စမတ်ကျပြီး ဆွဲဆောင်မှုရှိရှိ လှနေတဲ့အပြင် " မြန်မာပြည်ကြီး အရမ်းလှတယ် လိုအပ်နေတာ တစ်ခုပဲ ကျနော့်ဇော်ဂျီလေးတွေ " ဆိုတဲ့ စာသားလေးကို ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ 

Photo credit - Thu Rein Tun photography
Photo credit - Thu Rein Tun photography

Photo credit - Thu Rein Tun photography

Source - Kyaw Htet Zaw's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။