တေးသီချင်းတိုင်းကို ကိုယ်တိုင် ဖန်တီးရေးသား သီဆိုသူကတော့ အဆိုတော် ယုန်လေးပဲ ဖြစ်ပါတယ်။ သူဟာ အဆိုတော်တစ်ယောက်ဖြစ်ရုံသာမကဘဲ ဒါရိုက်တာတစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူရိုက်ကူးတဲ့ ဇာတ်ကားတွေဟာလည်း ပရိသတ်တွေရဲ့ အားပေးနှစ်ခြိုက်မှုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းဟောင်းတစ်ပုဒ်ဖြစ်တဲ့ " အချစ်တွက် ကံမကောင်းခဲ့သူ " ဆိုတဲ့ သီချင်းလေးဟာလည်း ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေဆဲပါပဲနော်။ 

Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account

မကြာသေးခင်က ထွက်ရှိထားတဲ့ သူရဲ့ သီချင်းသစ်ကြောင့် လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာ တော်တော်လေးကို လူပြောများနေခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း သူ့ရဲ့ Facebook အကောင့်မှ တဆင့် Live လွှင့်ကာ တောင်းပန်ထားတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ယုန်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လက်ရှိခံစားချက်တွေကို ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account

ဒါကတော့ " တော်တော်များများ

အဆင်းဘီးတပ်ပေးတဲ့ အချိန်

မှာ မိတ်ဆွေ စစ်၊ အတု သိခွင့်ရလိုက်ပါတယ်။

ကိုအယ်ကြီး နှင့် ပါဝင်သူညီငယ်၊ ညီမငယ်

အစ်ကို ၊ အစ်မ ၊ အမေမွှေး ဝိုင်းအားပေးသလို 

မနေ့ ညနေက ည အထိ ကျွန်တော် အချစ်ဆုံးကောင်

မြင့်မြတ် ပြီးတော့ ကိုခင်လိူင် ၊ ထူးခြား ၊ Kညီ 

အတူရှိပေးကြတယ် . နှစ်သိမ့်ပေးကြတယ် 

သူရှုတင် နောက်ကျရင် နောက်ကျနိုင်တယ်   

ရုပ်ရှင် အစည်းရုံးကို ကျွန်တော့် အတွက် တောင်းပန်ဖို့ ဆိုပြီး အခု

မနက်အစောကြီး ထ ပြီး

ကျွန်တော့်ထက်ဦးအောင်

မြင့်မြတ် ဦးဆောင်ပြီး OG Crew အကုန်ရောက်နေကြတယ်။

ဒီလို မိသားစုတွေ ရှိတာသိရတာ အားအရမ်းရှိပါတယ်။

Messenger ၊ Ph နဲ့ ရော အားပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း

ကျေးဇူး မမေ့ပါဘူး။

ဘယ်လို စိတ်ခံစားမှု မျိုးကြုံမလဲ ဆိုတာ

ခံစားဖူးတဲ့သူ . မိဘမရှိတဲ့ လူတိုင်း ဒီ သိမ်ငယ်အားငယ်စိတ်ကိုသိမှာပါ .

မွေးကတည်းက မိဘနှစ်ပါး လုံးဆုံးတာပါ 

ဘယ်ရဲမှူးကြီးသား မှ မဟုတ်ပါဘူး ခင်ဗျာ။

ဘာဖြစ်ဖြစ် ကျွန်တော် တစ်ယောက်တည်း ခံယူပါရစေ။

ပါဝင်ပေးသူ များ တစ်ယောက်နှင့်မှ မဆိုင်ပါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Yone Lay's Facebook Account

Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account
Photo Crd - Yone Lay's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။