မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ပိုပြီး အားပေးနေကြတာလည်း ဖြစ်ပါတယ်။ မာနမရှိဘဲ ဖြူစင်တဲ့ စိတ်ထားလေးကြောင့်လည်း အနုပညာရှင်များကပါ ချစ်ခင်နေကြတာပါ။  

Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page

ဖွေးစိန်လေးဟာ မကြာခင်ကလည်း သူမရဲ့ ပထမဆုံး သီဆိုထားတဲ့ သီချင်းသစ်လေးကို ပရိသတ်တွေထံ ဝေမျှပေးခဲ့တာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခြင်းမရှိသေးဘဲ ကြော်ငြာလေးတွေတော့ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အားလပ်ချိန်တွေမှာတော့ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page
Photo Crd - Phway Phway's Facebook Page

ဖွေးစိန်လေးရဲ့ Facebook Story မှာ မကြာသေးခင် နာရီပိုင်းလောက်က ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမိုက်စား ခန္ဓာကိုယ်လေးကို ရရှိနိုင်ရန်အတွက် ဘားတန်းခိုကာလေ့ကျင့်ခန်းတွေ ပြုလုပ်နေတဲ့ဖွေးစိန်လေးရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဖွေးစိန်လေးကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး အလှတိုးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဖွေးစိန်လေးရဲ့ ဗီဒီယိုကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Phway Phway's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။