Social Influencer တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင် မင်းသမီးတစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းမှာ လုပ်ကိုင်နေသူကတော့ နေခြည်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုတွေကို ရရှိထားပြီး အားလုံးရဲ့ ချစ်ခင်မှုတွေပါ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ချီချီရဲ့ ထက်မြက်ပြီး အရာရာကိုဦးဆောင်နိုင်တဲ့ စိတ်ဓာတ်လေးကိုလည်း မိန်းကလေး ပရိသတ်တွေက အားကျနေကြတာပါ။

Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account
Photo Crd- Nay Chi Oo’s Facebook Account

ချီချီ Review ပေးတဲ့ ပစ္စည်းတိုင်းဟာလည်း ရောင်းမလောက်အောင် ဖြစ်ခဲ့တာကြောင့်လည်း ကုန်ပစ္စည်းတော်တော်များများရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခြင်း ခံထားရတာပဲ ဖြစ်ပါတယ်။ ချီချီဟာ အားလပ်ချိန်တွေမှာလည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ချီချီရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Beautybynaychi’s Facebook Page
Photo Crd- Beautybynaychi’s Facebook Page

ဒါကတော့ ဘဝတစ်လျှောက်လုံး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေဖြတ်သန်းခဲ့တာတွေကို ပြန်လည်ဝေမျှပေးလိုက်တဲ့ ချီချီရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ချီချီကလည်း " ဘဝရဲ့ အကောင်းဆုံးအချိန်တွေကို

အကြိုက်ဆုံး အလုပ်လုပ်ပြီး ဖြတ်သန်းခဲ့တယ်

ဆက်လက်လည်း ဖြတ်သန်းနေဦးမယ်

PowerOfSocialInfluencer naychioo " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nay Chi Oo’s Facebook Account and Beautybynaychi’s Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။