photo credit - Geek Fam dota 2 facebook page

လက်ရှိ Geek Fam အသင်းရဲ့ offlane player ဖြစ်သူ Kuku အနေနဲ့ အခြားသော SEA team တစ်ခုကို ကူးပြောင်းနိုင်တယ်လို့ rumor ထွက်ပေါ်နေပါတယ်။

ဒီ rumor ကတော့ Kuku streaming လုပ်နေစဉ် stream id Nubboi ထံကနေ လစာညှိနှိုင်းတဲ့ massage တွေဝင်လာရာကနေ စတင်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

Nubboi ဆိုတဲ့ stream အကောင့်ကိုတော့ Fnatic အသင်းရဲ့ အရင် manager ဖြစ်သူ oddie ဖြစ်နိုင်တယ်လို့ ယူဆနေကြပြီး သူ့ရဲ့ new organization မှာ Kuku ကိုလာ join ဖို့ ညှိနှိုင်းနေတာဖြစ်ကြောင်း သိရပါတယ်။

Kuku အနေနဲ့လည်း ဒီအကြောင်းအရာကို streaming လုပ်နေစဉ်မှာ ဘာမှမပြောကြားခဲ့တာကြောင့် Geek Fam မှာပဲဆက်ရှိနေမလား ဒါမှမဟုတ် တခြား အသင်း တစ်သင်းကိုပဲရောက်သွားမလားဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မထင်မှတ်ထားတဲ့ roster အပြောင်းအလဲတစ်ခုလို့ဆိုရလောက်အောင် Fnatic အနေနဲ့ 23Savage ကိုထုတ်ပယ်ပြီး Geek Fam မှာကစားနေတဲ့ Raven ကိုခေါ်ယူခဲ့သေးတာဆိုတော့ Kuku ရဲ့အပြောင်းအရွှေ့ကလည်း ဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်။

screenshoot of kuku stream

source - AFK gaming dota 2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။