ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာခဲ့တဲ့ သူကတော့ အကယ်ဒမီ မြင့်မြတ် ပဲဖြစ်ပါတယ်။ မြင့်မြတ် ဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပဲ ဆက်တိုက်ရိုက်ကူးနေပြီး သူ့ရဲ့ သရုပ်ဆောင်ချက်တွေကတော့ ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်ထားနိုင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် မြင့်မြတ် က သာယာပျော်ရွှင်ကောင်းတဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက်ကိုလည်းမွေးထားပါသေးတယ်။

Photo Credit - Myat Wai Tun
Photo Credit - Myat Wai Tun

မြင့်မြတ် တို့ရဲ့ မိသားစုလေးကတော့ တကယ့်ကို ကြည်နူးစရာကောင်းလောက်ပြီး ပရိသတ်တွေ ချစ်ခင်အားကျနေရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။မြင့်မြတ် ရဲ့သားလေး မြတ်သူလေးကလည်း တစ်နေ့တခြား ပိုပိုချစ်ဖို့ကောင်းလာပြီး ဖေဖေမေမေတို့ အသည်းကျော်လေးဖြစ်ကာ သားလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်တော့ မြင့်မြတ် ရဲ့ တပည့်ဖြစ်သူက လူမှုကွန်ယက် စာမျက်နှာမှာ မြင့်မြတ် တို့ မိသားစုလေးရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက်တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Wai Tun
Photo Credit - Myat Wai Tun

ဒီပုံလေးတွေထဲမှာတော့ သားလေး မြတ်သူကို ဖေဖေ နဲ့ မေမေ တို့က လက်လေးကိုဆွဲပြီး လမ်းလျှောက်နေတဲ့ ပုံလေးတွေအပြင် မိသားစု သုံးယောက် ရဲ့ကြည်နူးစရာကောင်းလောက်အောင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း မြင့်မြတ် တို့ မိသားစုရဲ့ ချစ်စရာပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တကယ့်ကို ချစ်စရာကောင်းနေတဲ့ မြင့်မြတ်တို့ မိသားစု ပုံရိပ်လေးတွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Wai Tun

Source - Myint Myat 's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။