လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ဗီဒီယိုဇာတ်ကားများ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို  ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး မောင်ပဲ ဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင် မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်အရင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ တစ်စိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူ့ကို ဇာတ်ကားတွေ ပြန်ရိုက်ကူးရန် ဆန္ဒရှိနေကြတာပဲ ဖြစ်ပါတယ်။

Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account
Photo Crd- Sein Phyo Hlaing’s Facebook Account

မောင်ဟာ ချစ်သူ ရီရီပွင့်ဖြူနဲ့ အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ မကြာခင်မှာ ချစ်သူ သက်တမ်း (၇) နှစ်ပြည့်တော့မှာဘဲ ဖြစ်ပါတယ်။ မောင်တို့စုံတွဲလေးဟာ လတ်တလောမှာတော့ ကရင်ပြည်နယ် ဘားအံမြို့လေးကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပြီးမကြာသေးခင် နာရီပိုင်းလောက်ကလည်း သူတို့နှစ်ယောက်ရဲ့ Facebook Page လေးမှာ Live Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- SEIN PHYO & YI’s Facebook Page
Photo Crd- SEIN PHYO & YI’s Facebook Page
Photo Crd- SEIN PHYO & YI’s Facebook Page

ဒါကတော့ သူတို့ချစ်သူနှစ်ယောက်စိတ်ကောက်ရင်ပြုလုပ်လေ့ရှိတဲ့ ချော့နည်းလေးကိုပြောပြထားတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ Video လေး ပဲ ဖြစ်ပါတယ်။ မကြာခင်မှာ ကျရောက်မယ့် ချစ်သူသက်တမ်း (၇) နှစ်ပြည့်တဲ့အမှတ်တရအနေနဲ့လည်း " စိန်ရီတို့ရဲ့ ၇နှစ်ပြည့် Anni လေးအတွက်

အမှတ်တရ vlog လေးရိုက်ပါမယ်နော်..

Live မှာပြောခဲ့သလို ဒီပို့လေးအောက်မှာစိန်ရီတို့အကြောင်းမေးလို့ရပါတယ်..

Vlog လေးမှာဖြေပေးမယ် .." ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်း သူတို့အတွဲလေးနဲ့ ပက်သက်ပြီး မေးချင်တာလေးတွေရှိရင် Comment လေး သွားရေးလို့ ရပါတယ်နော်။

Source and Photo Crd- SEIN PHYO & YI’s Facebook Page and Sein Phyo Hlaing’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။