Photo credit - LGD Gaming facebook page

ဒီရက်ပိုင်းအတွင်းမှာတော့ Dota 2 အသင်းကြီးတွေမှာ ထင်မှတ်မထားတဲ့ roster ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

Fnatic အနေနဲ့လည်း 23Savage ကိုထုတ်ပယ်ပြီး Raven နဲ့ အစားထိုးခဲ့သလို Geek Fam ရဲ့ offlaner Kuku ကလည်း တခြားအသင်းတစ်ခုမှာပြောင်းကစားဖို့အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။

ယခုအခါမှာဆိုရင်လည်း China region က tier 1 dota 2 ဖြစ်တဲ့ PSG.LGD ကနေ fy နဲ့ Somnus'M ထွက်ခွာသွားပြီဆိုပြီး Vpesports ရဲ့ သတင်းတပုဒ်မှာ ဖော်ပြလာပါတယ်။

fy နဲ့ Somnus'M တို့ဟာ PSG.LGD အသင်းကနေထွက်ခွာပြီး အခြားသော china region က အသင်းတစ်ခုမှာ join ပြီးသားဖြစ်နေပြီလို့ ဖော်ပြလာပါတယ်။

၄င်းအသင်းကိုတော့ dota 2 team ကိုစတင်ဖွဲ့စည်းဖို့ စီစဥ်နေတဲ့ 4 Angry Men ဖြစ်နိုင်တယ်လို့ပါ ဖော်ပြထားပါတယ်။

နောက်ထပ် တစ်ခုအနေနဲ့ကတော့ Vici Gaming ရဲ့ carry player Eurus ဟာ Vici Gaming ကနေထွက်ခွာပြီး ၄င်းအသင်းမှာ carry player အဖြစ် join နိုင်တယ်ဆိုတာပါ ကောလဟာလ ထွက်ရှိနေပါတယ်။

Source - Vpesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။