ချစ်စရာကောင်းတဲ့ စကားပြောပုံလေးတွေ ကြောင့် ပရိတ်သတ်တွေရင်ထဲကို နေရာယူထားတာကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်တွေကြောင့် ပရိတ်သတ်တွေက ပိုပိုပြီး ကြွေနေရတာပဲ ဖြစ်ပါတယ်။ ရွှေကစ်လေးဟာ ရုပ်ရှင် ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါတယ်။  

Photo Crd- Wutt Hmone Shwe Yi’s IG Account
Photo Crd- Wutt Hmone Shwe Yi’s IG Account
Photo Crd- Wutt Hmone Shwe Yi’s IG Account

ကျရာဇာတ်ရုပ်တိုင်းကို   ကျွမ်းကျင်ပိုင်နိုင်စွာ    သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေ    ရရှိပိုင်ဆိုင်ထားတာ လည်း ဖြစ်ပါတယ်။     လတ်တလောမှာတော့     ရွှေကစ်တစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူး    ဖြစ်နေတာလည်း ဖြစ်ပါတယ်။     မကြာခင်မှာလည်း သူမရဲ့     မွေးနေ့ရက်လေးကို     ကျရောက်တော့မှာဘဲ ဖြစ်ပါတယ်။  

Photo Crd- Akt24’s IG Story
Photo Crd- Mayoomagic’s IG Account
Photo Crd- Akt24’s IG Account

လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကလည်း သူမရဲ့ Instagram Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရှုတင်မှာ အမှတ်မထင်ဘဲ မွေးနေ့ကိတ်လေးနဲ့ Surprise လုပ်ခံလိုက်ရတာကြောင့် အံ့ဩ ဝမ်းသာဖြစ်ခဲ့ရတဲ့ ရွှေကစ်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ရွှေကစ်ကိုချစ်ခင်ကြတဲ့ မိတ်ဆွေများက သူမ မသိအောင် တိတ်တိတ်လေး Pre- Birthday Surprise လေး လုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Mayoomagic’s , akt24’s and Wutt Hmone Shwe Yi’s IG Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။