ဖြူဖွေးနုဖက်နေတဲ့ အသားအရည်လေးတွေအပြင် တမူထူးခြားတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ဝတ်မှုံရွှေရည် ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေပြီး အားပေးတဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလည်း ဘယ်လိုဇာတ်ကောင်တွေမဆို သဘာဝကျကျ ပီပြင်လွန်းတာကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ မြန်မာ့ရုပ်ရှင်လောကရဲ့ ထိပ်တန်း မင်းသမီးထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အကောင်းဆုံး ရပ်တည်နေတဲ့သူပါ။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

သူမဟာ ဝတ်စားဆင်ယဥ်မှုတွေမှာဆိုရင်လည်း ဆန်းသစ်တဲ့ ဖက်ရှင်ဒီဇိုင်အလန်းတွေကို ပိုပြီးဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ လတ်တလောမှာတော့ ဝတ်မှုံရွှေရည် က ကြော်ငြာတွေအပြင် Photo Shooting တွေကို ပြန်လည်ရိုက်ကူးနေရပြီး သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးတာတွေရပါတယ်။ ယခုမှာဆိုရင်လည်း ဝတ်မှုံရွှေရည် က ပရိသတ်တွေ ချစ်အားပိုမယ့် အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

ဒီပုံလေးတွေထဲမှာတော့ ဝတ်မှုံရွှေရည် က အလန်းစားဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ပြီး သဘာဝရဲ့ အလှတရားတွေကို နောက်ခံထားကာ ချစ်စရာအမူအရာလေးတွေနဲ့ ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဝတ်မှုံရွှေရည် က " မသိဘူး ပျော်အောင်နေတယ် " ဆိုတဲ့ caption လေးနဲ့ လည်း ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိရှိ အသည်းယားစရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ ဝတ်မှုံရွှေရည် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

Photo Credit - Mr.Haw

Source- Wutt Hmone Shwe Yi's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။