ဆယ်စုနှစ်ကျော်တိုင်အောင် ဂီတလောကမှာ အောင်မြင်မှုတွေ ရရှိထားသူကတော့ အဆိုတော် ယုန်လေးပဲ ဖြစ်ပါတယ်။ သူဟာ အလွမ်းအဆွေးသီချင်းလေးတွေသာမက ခပ်မြူးမြူးသီချင်းလေးတွေကိုပါ ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနိုင်သူ တစ်ဦးပဲ ဖြစ်ပါတယ်။ ယုန်လေးဟာ ဂီတလောကမှာသာမဟုတ်ဘဲ သရုပ်ဆောင်ဘက်မှာပါ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account

သူဟာ လတ်တလောမှာတော့ စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ တွေ့ကြုံနေရတာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ မြင့်မြတ်၊ K ညီ ၊ ထူးခြားနဲ့ တို့ သူငယ်ချင်းတစ်စုဟာ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေကို ဖြေရှင်းကူညီပေးရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးကို သွားရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒုက္ခရောက်နေချိန်မှာ ရှေ့ဆုံးကနေ ကူညီပေးခဲ့တဲ့ သူငယ်ချင်းကိုလည်း ယုန်လေးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကျေးဇူးတင်ကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account

ဒီနေ့ကတော့ ပြည်သူချစ် သရုပ်ဆောင် မင်းသား မြင့်မြတ်နဲ့ သားလေး မြတ်သူတို့ရဲ့မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့   မွေးနေ့ကို ယုန်လေးက အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။ " Happy Birthday

ချစ်ဆုံး နှစ်ယောက်

မြင့်မြတ် & သားသားလေး မြတ်သူ

အရာရာအဆင်ပြေပြီး . ဘာလုပ်လုပ် အဆင်ပြေပါစေ .

မိသားစု နှင့် ရာသက်ပန် အပျော်ရွှင်ဆုံးဘဝ ကို ဖြတ်သန်းနိုင်ပါစေ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yone Lay’s Facebook Account 

Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account
Photo Crd- Yone Lay’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။