ပရိသတ်ကြီးရေ အနုပညာလောကထဲကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့အတွက် လေယာဉ်မယ်အလုပ်ကို စွန့်လွှတ်ခဲ့ပြီး စတင်ဝင်ရောက်ခဲ့သူကတော့ မင်းသမီးချောလေး ခင်သဇင် ပဲဖြစ်ပါတယ်။ ခင်သဇင် ဟာ လက်ရှိမှာတော့ ကြော်ငြာတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာလည်း ရိုက်ကူးနေတာတွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ စိတ်သဘောပြည့်ပြည့် နဲ့ အကောင်းဆုံး ကြိုးစားအားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတောင် ပါဝင်သရုပ်ဆောင်နေရတာဖြစ်ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ခင်သဇင် က အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်း တတ်နိုင်သလောက် ပါဝင်လုပ်ကိုင် ပေးတတ်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်သဇင် ကတော့ ပရိသတ်တွေအတွက် မကြာခဏဆိုသလို သူမရဲ့ ချစ်စရာပုံရိပ်လေးတွေအပြင် အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေလည်း ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း ခင်သဇင် က တော့ ပရိသတ်တွေ အသည်းယားလောက်မယ့် သူမရဲ့ tik tok ဗီဒီယိုလေးကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Khin Thazin
Photo Credit - Khin Thazin

ဒီ tik tok ဗီဒီယိုလေးထဲမှာတော့ ခင်သဇင် က လွတ်လပ်ပေါ့ပါးတဲ့ အင်္ကျီလေးကို ဝတ်ပြီး လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ သီချင်းလေးကိုနောက်ခံထားပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အမူအရာလေးတွေနဲ့ ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ပင်ကိုယ်အလှတရားတွေကလည်း ပရိသတ်တွေအတွက်တော့ အသည်းယားစရာဖြစ်လောက်မှာ အမှန်ပါနော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဆွဲဆောင်မှုရှိရှိ မြင်သူတိုင်းချစ်အားပိုလောက်မယ့် ပုံစံလေးနဲ့ ဆော့ကစားထားတဲ့ မင်းသမီးချောလေး ခင်သဇင် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khin Thazin

Source -Khin Thazin's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။