အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေကြောင့် ပုရိသတွေ နှစ်သက်စွဲလန်းနေရသူလေး ကတော့ မော်ဒယ် M ဆိုင်းလုပဲ ဖြစ်ပါတယ်။ သူမဟာ ကချင်တိုင်းရင်းသူလေးပဲ ဖြစ်ပြီး စကားသံဝဲ၀ဲလေးကြောင့် အားလုံးက ချစ်နေရတာလည်း ဖြစ်ပါတယ်။ M ဆိုင်းလုဟာ အနုပညာမျိုးရိုးမရှိဘဲ ကိုယ်တိုင်ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်ကျော်ကြားမှုတွေရရှိပိုင်ဆိုင်ထားတဲ့ Model တစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။  

Photo Crd -M Seng Lu's Facebook Account
Photo Crd -M Seng Lu's Facebook Account
Photo Crd -M Seng Lu's Facebook Account

သူမဟာ အမိုက်စား ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်သူ တစ်ယောက်ဖြစ်ပြီး ကိုယ်လုံးလေးကလည်း မိမိုက်လွန်းတာကြောင့် ပွဲအခမ်းအနားများတက်ရောက်ရာတွင်လည်း အားလုံးက လည်ပြန်ငေးမောရလောက်အောင် ထင်ရှားပေါ်လွင်လွန်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း M ဆိုင်းလုတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ အားလပ်ချိန်များတွင်လည်း အကသင်တန်းတက်ကာ အမိုက်စားကကွက်များ လေ့လာသင်ယူနေတာပဲ ဖြစ်ပါတယ်။ 

Photo Crd -M Seng Lu's Facebook Account
Photo Crd -M Seng Lu's Facebook Story and Tik Tok Account
Photo Crd -M Seng Lu's Facebook Story and Tik Tok Account

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သရုပ်ဆောင် မင်းသားချောလေး ညိမ်းသော်နဲ့အတူ Taylor Swift ရဲ့ Love Story သီချင်းလေးနဲ့ အတိုင်အဖောက်ညီညီ စည်းချက်ကျကျ ကထားကြတဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ M ဆိုင်းလုကတော့ ဒီဗီဒီယိုလေးထဲမှာ အသားကပ်ဘောင်းဘီလေးနဲ့ အရမ်းကို အထာကျကာ မိုက်လွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီ Tik Tok Videoလေး ကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd -M Seng Lu's Facebook Story and Tik Tok Account 

@msenglu

At least we tried @funnymakes12 ##fyp ##msenglutiktok ##tiktokmyanmar ##lovestorychallenge

♬ Love Story Discolines - ethanishung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။