မအေးသောင်းလို့ ပရိသတ်တွေက ချစ်စနိုးခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ မိန်းကလေးချင်းတောင် အားကျနေရတဲ့ ကျစ်လစ်လှပတဲ့ ကိုယ်လုံးလေး ကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ သူမကတော့ နှစ်တွေ အတော်ကြာအောင် အနုပညာလောကမှာ သရုပ်ဆောင် ပီပြင်လွန်းတဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အားပေးနေကြတာလည်း ဖြစ်ပါတယ်။   

Photo Crd - Aye Thaung's Facebook Account
Photo Crd - Aye Thaung's Facebook Account
Photo Crd - Aye Thaung's Facebook Account

မအေးသောင်းဟာ မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်တဲ့ အခါတိုင်း ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိလွန်းစွာ ကျော့ရှင်းလှပနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ တစ်မူထူးခြားတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက ချစ်မ၀ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းတစ်ယောက် ကြော်ငြာလေးတွေ ရိုက်ကူး ဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲ အသိပေး ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ 

Photo Crd - Aye Thaung's Facebook Account
Photo Crd - Aye Thaung's Tik Tok Account
Photo Crd - Aye Thaung's Tik Tok Account

မအေးသောင်းဟာ အားလပ်ချိန်လေးတွေမှာလည်း ပရိသတ်တွေကို Tik Tok လေးတွေ ဆော့ကစားကာ တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြန်မာဆန်ဆန်လေးနဲ့ သွယ်လျလှပတဲ့ ကိုယ်လုံးလေးက ထင်ရှားပေါ်လွင်နေတဲ့ အေးဝတ်ရည်သောင်းရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူမရဲ့ အလှတရားတွေကို ကြည့်ရှုခံစားနိုင်အောင် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Aye Thaung's Facebook And Tik Tok Account 

@ayethaung9

##ကြွေလား

♬ original sound - Aung Moe Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။